လည်ချောင်းနာနေတာကို သက်သာစေမယ့် နည်းလမ်းများ

11 Jan

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ လည်ချောင်းနာနေတာကို သက်သာစေမယ့် နည်းလမ်းများအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လည်ချောင်းနာခြင်းကို အဓိက ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ၊ လေထုညစ်ညမ်းမှု၊ ဓာတ်မတည့်ခြင်းကြောင့် ခန္ဓာကိုယ်တုန့်ပြန်မှု၊ ဆေးလိပ်သောက်သုံးခြင်းနဲ့ ဆေးလိပ်ငွေ့ရှုရှိုက်ရမှုကြောင့်၊ ရေခဲရေသောက်သုံးခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဂျင်းပြုတ်ရည် စပ်စပ်လေးက လည်ချောင်းနာခြင်းအတွက် အထောက်အကူပြုပါတယ်။ ဂျင်းနဲ့ ထန်းလျက် အနည်းငယ်တို့ကို ရောပြုတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ပျားရည်နဲ့ ရေနွေး တို့ကိုရောစပ်ပြီး သောက်သုံးပေးခြင်းကလည်း လည်ချောင်းနာခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ Menthol ပါတဲ့ လည်ချောင်းနာငုံဆေးပြားတွေကို ငုံထားနိုင်ပါတယ်။ ဒါ့အပြင် ပလုတ်ကျင်းခြင်းကလည်း လွယ်ကူသက်သာပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ပလုတ်ကျင်းဖို့အတွက် ဆားရည်၊ နွယ်ချို၊ လေးညှင်းပွင့် စတာတွေကို အသုံးပြုနိုင်ပါတယ်။ ရေလည်း များများ သောက်သုံးပေးပါ။ ရေနွေးနဲ့ ရေချိုးပါ။ ရေနွေးငွေ့က ချွဲတွေကို ပြေလျော့စေပြီး လည်ချောင်းနာတာကိုလည်း သက်သာ စေတယ်လို့ ကျန်းမာရေးပညာရှင်များက ပြောပါတယ်။(NVS 003)

11 Jan

ADVERTISE HERE .