သွားတွေ ကျန်းမာစေဖို့အတွက် ရှောင်သင့်တဲ့ အစားအသောက်တွေ

07 Jan

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ သွားတွေကျန်းမာစေဖို့အတွက် ရှောင်သင့်တဲ့ အစားအသောက်တွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပေါင်မုန့်ဟာ သကြားဓာတ် တိုက်ရိုက်မရပေမယ့် ဝါးလိုက်တဲ့အခါမှာ ချက်ခြင်းဆိုသလို သကြားဓာတ်သို့ ပြောင်းလဲသွားတာကို သုတေသနပညာရှင်တွေ ဖော်ထုတ်ထားပါတယ်။ ပေါင်မုန့် အပိုင်းအစတွေက သွားကြားထဲမှာလည်း ညှပ်နိုင်သေးလို့ ပိုလို့တောင် ဆိုးနေပါသေးတယ်။ သွားတွေကို ကျန်းမာချင်ရင်တော့ ပေါင်မုန့်ကိုလည်း ရှောင်သင့်ပါတယ်။ ဆိုဒါကို သောက်တာဟာ သွားတွေကို သကြားနဲ့ သွားတိုက်သလို ဖြစ်စေပါတယ်။ ဆိုဒါကို သောက်ခြင်း အားဖြင့် သကြားဓာတ်တွေကတစ်ဆင့် သွားတွေထဲမှာ ဘက်တီးရီးယားတွေအတွက် နေစရာအိမ်ဆောက်ပေး နေတာနဲ့ အတူတူပါပဲ။ ရေခဲကို ဝါးစားတာကလည်း မကောင်းသလို သောက်တာလည်း မကောင်းပါဘူး။ သွားနဲ့ သွားဖုံးတွေကို ဒုက္ခအပေးဆုံး နံပတ်(၁)အစားအစာ ဖြစ်ပါတယ်။ အက်ဆစ်ဓာတ်ကဲထားတဲ့ အချဉ်သကြားလုံးတွေက သွားကိုတိုက်ရိုက် ဒုက္ခပေးနိုင်ပါတယ်။ နောက်ပြီး တော့ ဒီသကြားလုံးတွေကြောင့် သင့်ရဲ့ကျန်းမာနေတဲ့ သွားတွေကိုတောင် အချိန်ပိုပြီး မြန်မြန်ကျိုးသွားစေ နိုင်ပါတယ်။ ဘယ်ရီသီးတွေနဲ့ မုန်လာဥနီတို့က ဆိုးရွားတဲ့ သွားကျန်းမာရေး ထိခိုက်မှုကို မဖြစ်စေပေမယ့် ဒီအသီး တွေကို စားခြင်းအားဖြင့် သင့်ရဲ့ ဖြူဖွေးနေတဲ့ သွားတွေကို အလွယ်တကူ စွန်းထင်းသွားစေနိုင်ပါတယ်။ သွားတိုက်တာလောက်နဲ့ မပျောက်လောက်အောင် သွားတွေရဲ့အရောင်ကို ပြောင်းသွားစေနိုင်ပါတယ်။ အရက်မှာ သကြားဓာတ် မပါသလောက်နည်းပေမယ့် ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ စွမ်းအားဖြည့် အချိုရည်တွေလိုပဲ အရက်က ခံတွင်းကို ဒုက္ခပေးလို့ သွားတွေကိုပါ ဒုက္ခပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။(NVS 003)

07 Jan

ADVERTISE HERE .