ကြွက်နားရွက်မှို ရဲ့ကျန်းမာရေး ကောင်းကျိုးတွေ

29 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကြွက်နားရွက်မှို ရဲ့ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကြွက်နားရွက်မှိုက နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ အဲ့ဒီမှို အမျိုးအစားမှာ တွေ့ရတဲ့ Polysaccharides ဓာတ်ကြောင့်ပဲ သွေးတွင်းကိုလက်စထရောလျော့ကျစေနိုင်ပါတယ်။ နှလုံးရောဂါအန္တရာယ်ကိုလျော့ကျစေပြီး လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။ အဲ့ဒီမှိုကို သွေးခဲခြင်းနဲ့ သွေးတိုးရောဂါအတွက်လည်း အသုံးပြုကြပါတယ်။ ကြွက်နားရွက်မှိုမှာ Antioxidant ရဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဗီတာမင် ဘီတူး ပါဝင်ပါတယ်။ အဲ့ဒီဓာတ်က အစွမ်းထက်တဲ့ antioxidant တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ် ခုခံအားကောင်းစေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဖိအားမျိုးစုံကိုလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သံဓာတ်ပါဝင်မှု များပြားတဲ့အတွက်ကြောင့် သွေးအားနည်းခြင်းအတွက် အိမ်သုံးဆေးတစ်မျိုးအဖြစ် လူသိများပါတယ်။ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ Terpenoids ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်မှုကြောင့် ဓာတ်မတည့်မှုခံစားရခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေပါတယ်။ Polysaccharide လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်ခြင်းက ဆေးဝါးဆိုင်ရာကောင်းကျိုးတွေအများကြီးရှိပါတယ်။ ရောင်ရမ်းခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့အဓိက အင်ဇီုင်းတစ်မျိုးလည်းဖြစ်တဲ့အတွက် အယ်ဇီုင်းမားရောဂါကို ကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကင်းစေပါတယ်။ အဲ့ဒီမှိုကို အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေပြေစေပါတယ်။ အဆုတ်ကို သန့်စင်စေပြီး အစာခြေစနစ်အတွက်လည်း ကောင်းမွန်စေပါတယ်။ ကြွက်နားရွက်မှိုမှာ အမျှင်ဓာတ်နဲ့ pectin ဓာတ်ပါဝင်မှုကြောင့် အဝလွန်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အဆီဓာတ်စုပ်ယူမှုကို တားဆီးပေးနိုင်တဲ့အတွက် ဝိတ်ကျဖို့ ကူညီနိုင်ပါတယ်။ (NVS 003)

29 Dec

ADVERTISE HERE .