အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ဖြစ်တဲ့အခါမှာ စားသင့်တဲ့ အစားအစာတွေ

25 Dec

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ဖြစ်တဲ့အခါမှာ စားသင့်တဲ့အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အစာချေစနစ်ကိုအထောက်အကူ ဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေတဲ့အခါ ကျွေးနိုင်ပါတယ်။ အမျှင်ဓာတ်နဲ့ သကြားဓာတ်တွေ ပါဝင်တာကြောင့် ရေဓာတ်ဖြည့်တင်းပေးရာမှာလည်း အကူအညီ ပေးတာကြောင့် ဗိုက်အောင့်အော့အန်တာတွေကို သက်သာစေပါတယ်။ ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်း ကြွက်သားတွေကို သန်မာစေပြီး အစာချေဖျက်စွမ်းရည်ကို မြှင့်တင်ပေးနိုင် ပါတယ်။ အစာမကြေ ရင်ပြည့်နေချိန်မှာ ပူစီနံရွက်ပါတဲ့ ဖျော်ရည်မျိုးကို သောက်သုံးနိုင်ပါတယ်။ သင်္ဘောသီးဟာ အစာချေဖျက်ရာမှာ အကူအညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ်တစ်မျိုး ပါဝင်တာကြောင့် အစာ မကြေတဲ့အခါမျိုးမှာ စားပေးနိုင်ပါတယ်။ ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်းကို ရှင်းလင်း ပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေ သက်သာစေပါတယ်။ ကရဝေးစေ့မှာ ပါဝင်တဲ့ အဆီဓာတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာ ရှိစေပါတယ်။ (NVS 003)

25 Dec

ADVERTISE HERE .