လည်ချောင်းနာနေတာကို သက်သာစေမယ့် နည်းလမ်းများ

21 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ လည်ချောင်းနာနေတာကို သက်သာစေမယ့် နည်းလမ်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လည်ချောင်းနာခြင်းကို အဓိက ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ဗက်တီးရီယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ၊ လေထုညစ်ညမ်းမှုကြောင့်၊ ဓာတ်မတည့်ခြင်း ကြောင့် ခန္ဓာကိုယ်တုန့်ပြန်မှု၊ဆေးလိပ်သောက်သုံးခြင်းနဲ့ ဆေးလိပ်ငွေ့ရှုရှိူက်မှုကြောင့်၊ ရေခဲရေ သောက်သုံးခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဂျင်းပြုတ်ရည် စပ်စပ်လေးကလည်း လည်ချောင်းနာခြင်းအတွက် အထောက်အကူပြုပါတယ်။ ဂျင်းနဲ့ ထန်းလျက် အနည်းငယ်တို့ကို ရောပြုတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ပျားရည်နဲ့ ရေနွေးတို့ကို ရောစပ်ပြီး သောက်သုံးပေးခြင်းကလည်း လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ Menthol ပါတဲ့ လည်ချောင်းနာငုံဆေးပြားတွေကို ငုံထားနိုင်ပါတယ်။ ဒါ့အပြင် ပလုတ်ကျင်းခြင်းကလည်း လွယ်ကူ သက်သာပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ပလုတ်ကျင်းဖို့အတွက် ဆားရည်၊ နွယ်ချို၊ လေးညှင်းပွင့်စတာတွေကို အသုံးပြုနိုင်ပါတယ်။ ရေလည်း များများ သောက်သုံးပေးပါ။ ရေနွေးနဲ့ ရေချိုးပါ။ ရေနွေးငွေ့က ချွဲတွေကို ပြေလျော့စေပြီး လည်ချောင်းနာတာကိုလည်း သက်သာစေတယ်လို့ ကျန်းမာရေး ပညရှင်များက ပြောပါတယ်။

21 Dec

ADVERTISE HERE .