အဆုတ်ကို သန့်စင်စေမယ့် သဘာဝ Detox ဖျော်ရည်များ

19 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အဆုတ်ကို သန့်စင်စေမယ့် သဘာဝ Detox ဖျော်ရည်များ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သံပုရာ၊ ဂျင်း၊ နဲ့ ငရုတ်ကောင်းလက်ဖက်ရည်ဟာ သင့်လည်ချောင်း နာတာကို ပြေလျော့စေရုံသာမက အဆုတ် ကျန်းမာရေးကိုလည်း သက်သာစေပါတယ်။ ဒီလက်ဖက်ရည်မှာ ပါဝင်တဲ့ အရာတွေအားလုံးဟာ ဇီဝကမ္မဖြစ်စဉ်နဲ့ အစာခြေ စနစ်ကို မြှင့်တင်ပေးတဲ့အပြင် antioxidants ဓာတ်တွေပါ ပါဝင်တာကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေး နိုင်ပါတယ်။ ပန်းသီး၊ မုန်လာဥနီနဲ့ နိုကိုဥ Smoothie က အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေထု ညစ်ညမ်းမှုကို တိုက်ဖျက်ပေးပြီး ပန်းနာရင်ကျပ်ရောဂါမှလည်း ကာကွယ်ပေးပါတယ်။ ၎င်းသည် အသက်ရှူလမ်းကြောင်းကို သန့်စင်စေပြီး အဆုတ်ကိုလည်း ကျန်းမာစေပါတယ်။ နနွင်းဂျင်းဖျော်ရည်ဟာ curcumin နဲ့ antioxidant ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါကို ဆန့်ကျင်ခြင်းနဲ့ အဆိပ်အတောက်များကို ဆန့်ကျင်ပေးပါတယ်။ အဆုတ်ကျန်းမာရေးကိုလည်း မြှင့်တင် ပေးပြီး လေထုညစ်ညမ်းမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေလည်း ကာကွယ်ပေးပါတယ်။ ပျားရည်နဲ့ ရေနွေးပူပူ အတူသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးပြီး လေထု ညစ်ညမ်းမှု ကိုလည်း တိုက်ဖျက်ပေးပါတယ်။ ပျားရည်ရဲ့ anti inflammatory က ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ Mulethi လက်ဖက်ရည်က ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းကို ကုသရာမှာ လူအသိများပြီး လည်ချောင်းကိုလည်း သန့်ရှင်းစေပါတယ်။ Mulethi ကို ပုံမှန်စားသုံးခြင်းက နှလုံးရောဂါခံစားရနိုင်ခြေကိုလည်း လျော့နည်းစေနိုင်တယ်ဟု ဆိုပါတယ်။ (NVS 003)

19 Dec

ADVERTISE HERE .