အအေးမိခြင်း အမြန်သက်သာစေမယ့် နည်းလမ်းတွေ
18 Decဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အအေးမိခြင်း အမြန်သက်သာစေမယ့် နည်းလမ်းတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နည်းနည်းအေးတာနဲ့ ချက်ခြင်းဖျားတတ်ကြတဲ့ သူတွေအတွက် အိမ်မှာနေရင်း အလျင်အမြန် သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြသွားပါမယ်။ ပျားရည်မှာ Bacteria နဲ့ Microscopic animals တွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် အအေးမိခြင်းကို သက်သာစေပါတယ်၊ ပျားရည်နဲ့သံပုရာသီးကို ရောပြီး ရေနွေးလေးနဲ့ ဖျော်သောက်ရင် လည်ချောင်းနာတာကို သက်သာစေပါတယ်၊ ပျားရည်ဟာ ချောင်းဆိုးခြင်းကိုလည်း သက်သာစေပါတယ်၊ သတိထားရမှာကတော့ တစ်နှစ် အောက် ကလေးတွေမှာတော့ ပျားရည်ကို မသုံးသင့်ပါဘူး၊ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ ကြက်စွပ်ပြုတ်တစ်ခွက်ဟာ Neutrophil လို့ခေါ်တဲ့ သွေးဖြူဉတွေ လှုပ်ရှားမှုကို နှေးကွေးစေပါတယ်။ Neutrophil ဟာ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ခုခံရေး တပ်သားတစ်ဉီး ဖြစ်တာကြောင့် သူဖြေးဖြေးချင်းသွားတဲ့ အခါ လိုအပ်တဲ့နေရာတွေမှာ စစ်ကူတွေ ထုတ်နိုင်ပြီး ရောဂါကို လျင်လျင်မြန်မြန် တိုက်ထုတ်နိုင်တဲ့ အတွက် အအေးမိခြင်းကို အမြန်ပြန်သက်သာစေတာပဲ ဖြစ်ပါတယ်။ အများသိတဲ့ ကြက်သွန်ဖြူမှာလည်း Microbactria တွေကို သတ်နိုင်တဲ့ အစွမ်းရှိပါတယ်၊ ကြက်သွန်ဖြူ စားလိုက်တာနဲ့ အအေးမိတဲ့လက္ခဏာတွေ အမြန်သက်သာသွားစေပါတယ်။ Vitamin C ကတော့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်၊ ခန္ဓာကိုယ်အတွက် အလွန် အရေးပါပါတယ်၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အအေးမိခြင်းကို အမြန်ပျောက်ကင်းသက်သာစေပါတယ်၊ Vitamin C 500mgကို နေ့စဉ် တစ်ရက် တစ်လုံး သောက်ပေးခြင်းအားဖြင့် Scurvy ရောဂါကို သက်သာစေခြင်း၊ အအေးမိခြင်းကို အမြန်သက်သာစေခြင်း၊ သတ္တုဆိပ်သင့်ခြင်းကို သက်သာစေခြင်း၊ ကင်ဆာရောဂါများ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဂျင်းတက်ဟာ ဆိုရင် ရှေးခေတ် တိုင်းရင်းဆေးဝါးတွေမှာ မပါမဖြစ် အဓိက ကျပါတယ်၊ ရေနွေးနွေးထဲ ဂျင်းတက်လေး ပါးပါးလှီးထည့်ပြီး သောက်မယ်ဆိုရင် ချောင်းဆိုး၊ လည်ချောင်းနာကို အမြန်ပြန်သက်သာစေပါတယ်၊ တချို့တွေမှာ ဓာတ်မတည့်ရင်တော့ အော့အန်ခြင်းကို တစ်ခါတစ်ရံ ဖြစ်စေတတ်လို့ သတိထား သုံးစွဲသင့်ပါတယ်။