အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေ

17 Dec

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သင့်ရဲ့အကြားအာရုံ ချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေမှာပါဝင်တဲ့ free radicals တွေက နားအတွင်းပိုင်းမှာရှိတဲ့ အမြှေးပါးလေးတွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ချို့တဲ့ခြင်းက နားအတွင်းပိုင်းမှာရှိတဲ့ သွေးကြောတွေကို ကျုံ့စေပြီး အောင်ဆီဂျင်ကင်းမဲ့မှု ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီး၊ အာလူး၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီးနဲ့ ပန်းပွင့်စိမ်း တို့ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ရဲ့ တစ်ရှုးနဲ့ သွေးထဲကအရည်တွေကို ထိန်းပေးပါတယ်။ နားအတွင်းပိုင်းက အရည်လေးတွေအတွက် အရေးပါပါတယ်။ နားအတွင်းပိုင်းက နားရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်က ကြားတဲ့ အသံများအား ဦးနှောက်ဆီကို ပို့ပေးပြီး ဦးနှောက်ကနေတစ်ဆင့် အသံကို အဓိပ္ပါယ်ကောက်ပါတယ်။ အဲဒီ နားအတွင်းပိုင်းက ပိုတက်ဆီယမ်ဓာတ် ရရှိမှုပေါ်မူတည်ပြီး အသံကို ကြားနိုင်ခြင်းဖြစ်ပေါ်စေတာမို့ အကြားအာရုံအတွက် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာက ခန္ဓာကိုယ်အတွက် အလွန်ပဲ အရေးကြီးပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့အခါမှာ အကြားအာရုံတွေ အလိုလို အားနည်းလာနိုင်ပါတယ်။ Presbycusis လို့ ခေါ်တဲ့ အကြားအာရုံဆုံးရှုံးခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ငှက်ပျောသီး၊ ထောပတ်သီး၊ အာလူး၊ ဟင်းနုနယ်၊ သခွားမွှေး၊ နို့၊ လိမ္မော်သီး၊ စပျစ်သီးခြောက်၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်နဲ့ ပဲထောပတ်တို့ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ဖောလစ်အက်ဆစ်ဓာတ်က ခန္ဓာကိုယ်အတွက် အကျိုးအများကြီးရှိပြီး ဆဲလ်အသစ်တွေ ကြီးထွားဖို့ အထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်သူတွေမှာ ဖောလစ်အက်ဆစ်ဓာတ် လျော့ကျတဲ့အခါ အကြား အာရုံ ဆုံးရှုံးခြင်း presbycusis ရောဂါဖြစ်နိုင်ချေ ပိုပြီးများပါတယ်။ ဖောလစ်အက်ဆစ်ဓာတ်က အကြားအာရုံဆုံးရှုံးခြင်း ကိုလည်း နှေးစေတယ်လို့ ပြောကြပါတယ်။ ဟော်မုန်းတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် ခန္ဓာကိုယ်က ဖောလစ် အက်ဆစ်ကို အသုံးပြုရပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။ နားအတွင်းပိုင်းက ဆဲလ်တွေအတွက် အရေးကြီးတဲ့ဏ္ဍကနေ ပါဝင်ပါတယ်။ ဖောလစ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အသား၊ ကညွှတ်၊ ပန်းပွင့်စိမ်း နဲ့ ဟင်းနုနယ်ရွက်တို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဇင့်ဓာတ်က သင့်ရဲ့ခန္ဓာကိုယ် ခုခံအားစနစ်ကိုတိုးစေပြီး ဆဲလ်အသစ်ကြီးထွားခြင်းနဲ့ အနာတွေ ကိုလည်း ကျက်စေပါတယ်။ နားအတွင်းပိုင်းကို ပိုးမွှားတွေကြောင့် အနာဖြစ်ခြင်းကို သက်သာစေဖို့ အကူအညီပေး ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဗံဒါစေ့၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဆင်ခေါင်းပဲနဲ့ ကရိန်းဘယ်ရီသီးခြောက် တို့ဖြစ်ပါတယ်။(NVS 003)

17 Dec

ADVERTISE HERE .