Green Tea သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

16 Dec

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ Green Tea သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Green Tea က ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ လေ့လာမူတွေအရ Green tea ကို နေ့စဉ်ပုံမှန် သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သာမန်ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို့ တွေ့ရှိထားကြ ပါတယ်။ ဒါဟာ Green tea မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ပြီး အဆိုပါ ဓာတ်ပေါင်းဟာ လူကို အန္တရာယ် ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ Green tea ကိုနေ့စဉ်သောက်ပေးသင့်ပါတယ်။ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Free radicals တွေဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အပြင် အချို့သော ကင်ဆာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ Green tea မှာ ပါဝင်တဲ့ ဓာတ်တွေဟာ အဆိုပါ အန္တရာယ်ရှိတဲ့ free radicals တွေကို ဓာတ်ပြယ်စေနိုင်တာပြီး nitrosamines(ယမ်းစိမ်း) ကဲ့သို့သော ကင်ဆာဖြစ်စေ နိုင်တဲ့ ပစ္စည်းတွေဖြစ်ပေါ်ခြင်းကို တားဆီးစေနိုင်တာမို့ ကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါလိမ့်မယ်။ ကိုလက် စထရော ပမာဏကို လည်းလျှော့ချပေးနိုင်ပါတယ်။ Green tea မှာ အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာ ပါဝင်တာမို့ ကိုလက်စထရော ပမာဏကို ထိရောက်စွာ လျှော့ချ ပေးနိုင်ပါတယ်။ သွေးပျစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းအမျိုးမျိုးပါဝင်တဲ့ Green tea ဟာ သွေးကြော ကျဉ်းခြင်း၊ သွေးခဲခြင်း တို့ကို ကာကွယ်ပေးနိုင်သလို လေဖြတ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဆီးချိုရောဂါလည်း ကာကွယ်ပေးပါတယ်။ အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာပါရှိတဲ့ Green tea ဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် Green tea မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်ကရိယ ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ပန်ကရိယ ကောင်းစွာ အလုပ်လုပ်နိုင်တာနဲ့အမျှ အင်ဆူလင်ဓာတ် ထုတ်လုပ်မှုဟာ ပိုမိုကောင်းမွန်အကျိုးရှိလာမှာဖြစ်ပြီး သွေးတွင်းသကြားဓာတ်တွေကို လိုသလို ထိန်းညှိ လာနိုင်မှာ ဖြစ်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ (NVS 003)

16 Dec

ADVERTISE HERE .