သွားတွေ ကျန်းမာစေဖို့အတွက် ရှောင်သင့်တဲ့ အစားအသောက်တွေ

14 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သွားတွေ ကျန်းမာစေဖို့အတွက် ရှောင်သင့်တဲ့ အစားအသောက်တွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပေါင်မုန့်ဟာ သကြားဓာတ် တိုက်ရိုက်မရ ပေမယ့် ဝါးလိုက်တဲ့အခါမှာ ချက်ခြင်းဆိုသလို သကြားဓာတ်ပြောင်းလဲသွားတာကို သုတေသန ပညာရှင်တွေ ဖော်ထုတ်ထားပါတယ်။ ပေါင်မုန့်အပိုင်းအစတွေက သွားကြားထဲမှာလည်း ညှပ်နိုင်သေးလို့ ပိုလို့တောင် ဆိုးနေပါသေးတယ်။ သွားကျန်းမာချင်ရင်တော့ ပေါင်မုန့်ကိုလည်း ကြည့်ရှောင်သင့်ပါတယ်။ ဆိုဒါကို သောက်တာဟာ သွားတွေကို သကြားနဲ့ သွားတိုက်သလို ဖြစ်စေပါတယ်။ ဆိုဒါကို သောက်ခြင်းအားဖြင့် သကြားဓာတ်တွေက တစ်ဆင့် သွားတွေထဲမှာ ဘက်တီးရီးယားတွေ အတွက် နေစရာအိမ်ဆောက်ပေး နေတာနဲ့ အတူတူပါပဲ။ ရေခဲကို ဝါးတာလည်း မကောင်းသလို သောက်တာလည်း မကောင်းပါဘူး။ သွားနဲ့ သွားဖုံးတွေကို ဒုက္ခအပေးဆုံး နံပတ် ၁ အစားအစာ ဖြစ်ပါတယ်။ အက်ဆစ်ဓာတ်ကဲထားတဲ့ အချဉ်သကြားလုံးတွေက သွားကို တိုက်ရိုက် ဒုက္ခပေးနိုင်ပါတယ်။ နောက်ပြီးတော့ ဒီသကြားလုံးတွေကြောင့် သင့်ရဲ့ကျန်းမာနေတဲ့ သွားတွေတောင် ပိုပြီးမြန်မြန်ကျိုးသွားနိုင်ပါတယ်။ ဘယ်ရီသီးတွေနဲ့ မုန်လာဥနီတို့က ဆိုးရွားတဲ့ သွားကျန်းမာရေး ထိခိုက်မှုကို မဖြစ်စေပေမယ့် ဒီအသီးတွေကို စားခြင်းအားဖြင့် သင့်ရဲ့ ဖြူဖွေးနေတဲ့ သွားတွေ အလွယ်တကူ စွန်းထင်းသွားနိုင်ပါတယ်။ သွားတိုက်တာလောက်နဲ့ မပျောက်လောက်အောင် သွားအရောင်ပြောင်းသွားနိုင်ပါတယ်။ အရက်မှာ သကြားဓာတ်မပါသလောက်နည်းပေမယ့် ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ စွမ်းအားဖြည့် အချိုရည်တွေလိုပဲ အရက်က ခံတွင်းကို ဒုက္ခပေးလို့သွားကို ဒုက္ခပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ (NVS 003)

14 Dec

ADVERTISE HERE .