သွေးတိုးသမားတွေအတွက် ကောင်းတဲ့ အစားအစာတွေ

13 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သွေးတိုးသမားတွေအတွက် ကောင်းတဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးတွေ၊ ရက်စ်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေကို မနက်စာအဖြစ် စားသုံးပေးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ အထူးသဖြင့် ဘလူးဘယ်ရီသီးထဲမှာဆိုရင် Flavonoids လို့ခေါ်တဲ့ သဘာဝဓာတ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ လေ့လာချက်တွေအရ အဲ့ဒီသဘာဝ ဓာတ်ပေါင်းက သွေးတိုးရောဂါ ခံစားရနိုင်ခြေကို လျော့နည်းစေပြီး သွေးပေါင်ချိန်ကို မှန်ကန်စေတယ်လို့ သိရပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဆလပ်ရွက်၊ ကိုက်လန်ရွက်၊ ဟင်းနုနွယ်ရွက် အစရှိတဲ့ လတ်ဆတ်သော ဟင်းသီးဟင်းရွက်တို့ကို နေ့စဉ်မှန်မှန် စားသုံးပေးသင့်ပါတယ်။ အဲ့ဒီ ဟင်းသီးဟင်းရွက်တွေကို နွားနို့နဲ့ပဲ ဖြစ်ဖြစ် ငှက်ပျောသီးနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်ဖျော်သောက်ပေးပါက သွေးပေါင်ချိန်ကို မှန်ကန်စေမှာပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် အရင်းအမြစ်ကို ငါးစားသုံးခြင်းကနေ ရရှိနိုင်ပါတယ်။ မက်ကရယ်ငါး၊ ဆော်လမွန်ငါးကဲ့သို့ ငါးတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်တွေ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အချို့ရေချိုငါးတွေက သွေးပေါင်ချိန်ကို လျော့နည်းစေတဲ့ ဗီတာမင်ဒီဓာတ်လည်း ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူက ခန္ဓာကိုယ်ရှိ နိုက်ထရစ်အောက်ဆိုဒ် ပါဝင်မှုကို တိုးမြှင့်ပေးကာ သွေးတိုးခြင်းကနေ ကာကွယ်ပေးတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် သင့်မှာ သွေးတိုးရောဂါရှိတယ်ဆိုရင် ကြက်သွန်ဖြူ၊ ပူစီနံ၊ သစ်ကြမ်းပိုးခေါက် စတဲ့ အစားအစာတွေကို နေ့စဉ် မှန်မှန်စားသုံးပေးသင့်ပါတယ်။ ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းက ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေ မှီဝဲခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ အဲ့ဒါကြောင့် ပိုက်တက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးကို နေ့စဉ်မှန်မှန်စားသုံးပေးသင့်ပါတယ်။ မနက်စာအဖြစ် သို့မဟုတ် အဆာပြေ စားချင်တယ်ဆိုရင်တော့ ငှက်ပျောသီးကို ကြက်ဥပြုတ်နဲ့ တွဲဖက်စားသုံးပေးလိုက်ပါ။ (NVS 003)

13 Dec

ADVERTISE HERE .