ပင်စိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

10 Dec

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ပင်စိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပင်စိမ်းက အဆစ်အမြစ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေပြီး အရိုးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တယ်။ ပင်စိမ်း မှာ cyclooxygenase ဓာတ်လည်း ကြွယ်ဝစွာပါဝင်လို့ ပုံမှန်စားသုံးပေးခြင်းက ညောင်းညာကိုက်ခဲခြင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ လေးဘက်နာ၊ အရိုးကျီးပေါင်း စတဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အရိုးသန်စွမ်း ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားကို ဖြစ်စေပြီး ခန္ဓာကိုယ်တွင်းကို ဝင်ရောက်လာတဲ့ ရောဂါပိုးအမျိုးမျိုးကို တိုက်ခိုက်ဖို့အတွက် ခန္ဓာကိုယ်မှာ Anti-Bacterial တွေ လိုအပ်ပါတယ်။ ကိုယ်ခံစွမ်းအား နည်းပါးလာတာနဲ့အမျှ ရောဂါဆိုးတွေကို ဖိတ်ခေါ် သလို ဖြစ်စေနိုင်တာမို့ ပင်စိမ်းဟာ ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ဆေးလို့တောင် မှတ်ယူလို့ရပါတယ်။ နှလုံးနဲ့ နှလုံးသွေးကြောစနစ်ကိုလည်း ကောင်းမွန်စေနိုင်တယ်။ ပင်စိမ်းမှာ beta-carotene ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနဲ့ နှလုံးခုန် မူမမှန်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ပင်စိမ်းက ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးပါတယ်။ ပင်စိမ်းမှာ ကင်ဆာရောဂါကို တိုက်ဖြတ်နိုင်စွမ်းရှိတဲ့ ဓာတ်သဘာဝတွေ မြောက်များစွာ ပါဝင်ပါတယ်။ ကင်ဆာရောဂါပိုးများ ဝင်ရောက်ခြင်းကို ဟန့်တားပေးပြီး flavonoid ဓာတ်ကလည်း ကင်ဆာရောဂါမျိုးစုံကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ အစာစားပြီးတဲ့အခါတိုင်းမှာ အစာချေမှုစနစ် မြန်ဆန်လေ၊ ခန္ဓာကိုယ် ထဲကို ဝင်ရောက်နိုင်တဲ့ ကယ်လိုရီတွေကို ကာကွယ်တားဆီးပြီးသား ဖြစ်လေပါ။ ပင်စိမ်းဟာ အစာချေစနစ်ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တာမို့ ပုံမှန်စားသုံးပေးပါက အဆီကျပြီး ခန္ဓာကိုယ်ကို သွယ်လျလှပစေပါတယ်။ အရေအပြားနဲ့ ဆံပင်ကို ပိုမိုကောင်းမွန်စေတယ်။ ပင်စိမ်းအဆီဟာ ဆံပင်ကို မွဲခြောက်ခြောက်ဖြစ်ခြင်း၊ အဖျား နှစ်ခွဖြစ်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပင်စိမ်းရွက်ကို ဒီအတိုင်းထောင်းပြီး ပေါင်းတင်တဲ့ ပုံစံမျိုး လိမ်းပေးပါက ဝက်ခြံ၊ တင်းတိတ်နဲ့ မှဲ့ခြောက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။(NVS 003)

10 Dec

ADVERTISE HERE .