ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာတွေ

09 Dec

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဘိုင်အိုတင် ဓာတ်က ဗီတာမင်ဘီ အုပ်စုထဲက တစ်ခုပဲဖြစ်ပါတယ်။ ဘီဆဲဗင်း လို့လည်းခေါ်ကြပါတယ်။ အဲ့ဒီ ဓာတ်ချို့တဲ့ခြင်းက ဆံသားကျွတ်လွယ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ အရေပြားကျန်းမာရေး ထိခိုက်ခြင်းတို့ ဖြစ်တတ် ပါတယ်။ ကြက်ဥ၊ ကန်စွန်းဥနဲ့ ဟင်းနုနယ် တို့မှာ ဘိုင်အိုတင်ဓာတ်တွေ ပါဝင်ပါတယ်။ သံဓာတ်ပြည့်ဝတဲ့အစားအစာကို စားသုံးခြင်းက သင့်မှာ သံဓာတ်ချို့တဲ့နေတာကို ကူညီပေးနိုင်ပါတယ်။ ဟင်းနုနယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာ ပါဝင်ပါတယ်။ ဆံသားကျန်းမာရေးကို ကူညီနိုင်ပါတယ်။ အမဲသားစားခြင်းကလည်း သံဓာတ်ကို ရရှိနိုင်ပါတယ်။ ဇင့်ဓာတ်က ဆံသားကျွတ်လွယ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ လေ့လာချက်တွေအရ ဆံသားကျွတ်လွယ်ခြင်းက ဇင့်ပမာဏလျော့နည်းနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ကမာ ကို ကြိုက်တယ်ဆိုရင်တော့ သင့်အတွက် ဇင့်ဓာတ် အပြည့် အဝ ရနိုင်ပါတယ်။ ကမာ ကို မစားတဲ့လူတွေအတွက်ကတော့ ဥအမျိုးမျိုး၊ ပဲ၊ အနီရောင်အသား၊ ဟင်းနုနယ်ရွက် စတာ တွေကနေ ဇင့်ဓာတ်ကို ရနိုင်ပါတယ်။ ဗီတာမင်အေ ပေါများတဲ့ အစားအစာတွေက တစ်နည်းအားဖြင့် beta-carotenes ပါဝင်တာပါပဲ။ ဗီတာမင်အေက ဆံသားအတွက်ကောင်းသလို သင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။ Beta-carotene က မျက်လုံး အတွက်လည်း ကောင်းမွန်စေသလို၊ ခုခံအားလည်းကောင်းစေပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ ဗီတာမင်ဒီ က အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ ကြွယ်ဝစွာရရှိစေပါတယ်။ အပြင်ထွက်ပြီး နေပူစာလှုံခြင်းက ဗီတာမင်ဒီ ရရှိစေပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အစားအစာ ကနေ ရချင်ရင်တော့ တူနာငါး၊ ဆောလမွန်ငါးနဲ့ အမဲအသည်း၊ ကြက်ဥအနှစ်တွေကနေ ရနိုပါတယ်။ နို့၊ အုတ်ဂျုံမှုန့်နဲ့ လိမ္မော်ရည်တွေကနေလည်း ရနိုင်ပါတယ်။ Omega-3 နဲ့ 6 က သင့်နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဆံသားကျွတ်လွယ်ခြင်းနဲ့ ဆံသားပြန်လည်သန်စွမ်းဖို့ အသုံးဝင်ပါတယ်။ ဆော်လမွန်ငါးစားခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ အခွံမာသီး၊ အစေ့များနဲ့ နေကြာဆီ၊ ဖရုံစေ့ဆီ၊ အုန်းဆီ၊ စပျစ်စေ့ဆီ နဲ့ နှမ်းဆီ စတဲ့ အဆီတွေမှာလည်း ပါဝင်ပါတယ်။ ဆီလီနီယမ်ဓာတ်က အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ်။ ခုခံအားကောင်းစေဖို့နဲ့ ဆံသားအတွက်အရေးပါပါတယ်။ အဲ့ဒီ ဓာတ်ပါဝင်တဲ့ အစားအစာတွေက မှို၊ ဝက်သား၊ အမဲသား၊ ကြက်ဆင်သား၊ နေကြာစေ့နဲ့ အခြားအစေ့အဆံတွေမှာ ပါဝင်ပါတယ်။(NVS 003)

09 Dec

ADVERTISE HERE .