ပဲစောင်းလျားသီးရဲ့ကျန်းမာရေး ကောင်းကျိုးတွေ

08 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ပဲစောင်းလျားသီးရဲ့ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပဲစောင်းလျားသီးက ဗီတာမင်Dနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ် ခံ အား စနစ်ကို ကောင်းမွန် စေ ပြီး တခြားရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်ခြင်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပဲစောင်းလျားသီးစားခြင်းက အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်လုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုဖြစ်တဲ့ ပန်းနာရောဂါကို ကာကွယ်ပေးပြီး အသက်ရှုတာကို ပုံမှန်ဖြစ်စေဖို့အတွက် ပဲစောင်းလျားသီးက ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် antioxidant ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေး နိုင်ပါတယ်။ ပဲစောင်းလျားသီးက ခေါင်းနှစ်ဖက်လုံးကိုက်ခြင်းနဲ့ ခေါင်းတခြမ်းထဲ ကိုက်တာတွေကို သက်သာစေပါတယ်။ နောက်ပြီးတော့ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို သက်သာစေပြီး ကိုယ်အလေးချိန် တက်မလာ အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် သံဓာတ်လည်း မြင့်မာစွာပါဝင်လို့ မွေးလာတဲ့ ကလေးပေါင် မပြည့်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး ကိုယ်ဝန်ဆောင် မိခင်ကိုလည်း ကျန်းမာစေပါတယ်။ (NVS 003)

08 Dec

ADVERTISE HERE .