ငရုပ်ပွရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

06 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ငရုပ်ပွရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငရုပ်ပွက အာရုံကြောစနစ်အတွက် ကောင်းမွန်ပါတယ်။ လေ့လာချက်တွေအရ ငရုတ်ပွမှာ စိတ်ကျန်းမာရေးနဲ့ အသိဉာဏ်ဆိုင်ရာ အတွက် ကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကဲ့သို့ ဓာတ်ပါဝင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်ဖောက်ပြန်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။ ငရုပ်ပွက ခုခံအားစနစ် ကောင်းမွန်စေပါတယ်။ ကိုယ်တွင်းက ခုခံအားစနစ်က ဘက်တီးရီးယားတွေ သင့်ခန္ဓာကိုယ်ကို ကူးစက်ခြင်းကနေ ကာကွယ်ဖို့အတွက် ဆောင်ရွက်ပေးပါတယ်။ ငရုတ်ပွမှာ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်ပါတယ်။ ပုံမှန် ဟင်းသီးဟင်းရွက်ချက်ပြုတ်စားသလို စားခြင်းဖြင့် သင့်ရဲ့ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ သင့်ကိုယ်ခံအားနည်းနေသလို ခံစားနေရပြီဆိုရင် ပန်းငရုပ်ပွ အဝါရောင်ကို စားသုံးသင့်ပါတယ်။ ဒါ့အပြင် ငရုပ်ပွက အမြင်အာရုံကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ ငရုပ်ပွစားသုံးခြင်းက beta-carotene နဲ့ lutenoid ကဲ့သို့ Carotenoid ဓာတ်ပြည့်ဝစွာ ရရှိနိုင်မှုကြောင့် မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ မျက်စိတိမ်စွဲရောဂါတွေနဲ့ အမြင်အာရုံဝေဝါးခြင်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ beta-carotene ဆိုတဲ့ဓာတ် ပါဝင်မှုကြောင့် အမြင်အာရုံကောင်းမွန်စေဖို့ အာဟာရပြည့်ဝစေပါတယ်။ ငရုပ်ပွမှာလည်း antioxidants ဓာတ်တွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေကြီးထွားမှုကို တိုက်ဖျက်နိုင်တဲ့ antioxidant ဓာတ်များပါဝင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကူညီပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကူညီပေးနိုင်ခြင်းက နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ငရုပ်ပွမှာ ဖော့စဖောရတ်ပါဝင်မှုကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးကြောတွေ ပြေလျော့ခြင်းနဲ့ သွေးလည်ပတ်မှုအားကောင်းခြင်းက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကဲ့သို့ ရောဂါမျိုးကို မဖြစ်ပေါ်စေပါဘူး။ ပန်းငရုပ်ပွမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် ကျန်းမာရေးအားလုံးနီးပါး ကောင်းမွန် စေနိုင်ပါတယ်။ ဒါ့အပြင် ငရုပ်ပွက အစာခြေစနစ်အတွက် ကောင်းပါတယ်။ အစာခြေစနစ်မှာ အဆင်မပြေဖြစ်တဲ့အခါ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်း ကဲ့သလို့ ပြဿနာတွေဖြစ်နိုင်ပါတယ်။ အစာခြေစနစ် ကောင်းမွန်တဲ့အခါ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်၊ ဗီတာမင်နဲ့အခြားအာဟာရဓာတ်တွေကို စုပ်ယူဖို့ လွယ်ကူစေပါတယ်။ အစာခြေစနစ်ပြဿနာအတွက် ငရုတ်ပွကို စားပေးနိုင်ပါတယ်။ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ အနီရောင်နဲ့ လိမ္မော်ရောင် ငရုတ်ပွတွေက အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ကြွက်သားရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရာသီဥတုကြောင့် အလာဂျစ်ဖြစ်ပွားခြင်းကို လည်း သက်သာစေနိုင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ နောက်ပြီးတော့ အရေပြားကျန်းမာရေး အတွက် ကောင်းမွန်စပါတယ်။ Antioxidant ဓာတ်တွေပါဝင်မှုကြောင့် အရေပြားဆဲလ်တွေနဲ့ တစ်ရှုးတွေကို ကာကွယ်ပေးနိင်ပြီး အရေပြားခြောက်သွေ့ခြင်း၊ ပျက်စီးခြင်း၊ အရေးအကြောင်း ဖြစ်ပေါ်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ဖို့ စားပေးသင့်ပါတယ်။ ဗီတာမင်စီပါဝင်မှုက အရေပြားအတွက် အကောင်းဆုံးပါပဲ။ ဆဲလ်သေတွေနဲ့ တစ်ရှုးတွေကို ဖယ်ရှားနိုင်ပါတယ်။ အဲ့ဒါကြောင့် အရေပြားကို ပိုပြီး ငယ်ရွယ်နုပျိုစေပါတယ်။ အမဲစက်တွေနဲ့ အရေးအကြောင်ေးတွကို ဖယ်ရှားနိုင်ပါတယ်။ ငရုပ်ပွက အသက်ရှုလမ်းကြောင်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင်စီကဲ့သို့ အာဟာရဓာတ်တွေကြောင့် အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ရင်ကြပ်ပန်းနာ၊ အဆုတ်ရောဂါ၊ အခြားသောအဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင် ပါတယ်။ ဒါ့အပြင် သန္ဓေသားအတွက် အာဟာရဖြစ်စေပါတယ်။ သန္ဓေသား ဖောလိတ်ဓာတ်ရဖို့အတွက် မိခင်ဖြစ်သူ စားသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ငရုပ်ပွမှာ ဖောလိတ်ဓာတ်ကြွယ်ဝစွာပါဝင်လို့ သန္ဓေသားကျန်းမာဖွံ့ဖြိုးဖို့ ကူညီပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အတွက် အကျိုးများစေတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ငရုပ်ပွက ဝိတ်ကျစေဖို့ ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ပုံမှန်စားနေကျအစားအစာတွေမှာ ငရုပ်ပွ ထည့်သွင်း စားသောက်တဲ့ အခါမှာ ကယ်လိုရီနည်းပါးတဲ့အတွက် ဝိတ်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် သင့်ရဲ့အစားအစာထဲမှာ အရောင်စုံထည့်သွင်းစားသောက်နိုင်ပြီး အာဟာရလည်း ဖြစ်စေပါတယ်။ (NVS 003)

06 Dec

ADVERTISE HERE .