ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

30 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းက အရိုးပွခြင်းကို ကာကွယ်ဖို့ ကူညီပေးပါတယ်။ ငရုတ်သီးစိမ်းမှာ ဗီတာမင်ကေ ပါဝင်တာကြောင့် အရိုးပွခြင်းအန္တရာယ်ကိုလျော့ကျစေပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးဖို့ ကူညီနိုင် ပါတယ်။ ဒါ့အပြင် မျက်လုံးအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင်စီနဲ့ beta carotene ပါဝင်မှုကြောင့် မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အရေပြားကူးစက်ခံရမှုတွေကို ကူညီပေးနိုင်ပါတယ်။ Anti-bacterial properties တွေကြောင့် အရေပြားမှာ ကူးစက်ခံရတဲ့ပြဿနာမျိုးတွေနဲ့ ဝက်ခြံတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ အရေပြားကျန်းမာရေးနဲ့ညီညွှတ်စေပြီး အရေပြားကို တောက်ပကြည်လင်စေတဲ့ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ အေးပြီးအလင်းရောင်မရတဲ့နေရာမျိုးမှာ သိမ်းဆည်းခြင်းက ဗီတာမင်စီကို ထိန်းသိမ်းထားသလိုဖြစ်စေပါတယ်။ အစာခြေစနစ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ Dietary fiber ပါဝင်မှုကြောင့် အူမကြီးကို အစာတွေသယ်ယူရမှာ ချောမွေ့စေပြီး သယ်ယူရလွယ်ကူစေပါတယ်။ အစာခြေစနစ်ကျန်းမာစေပါတယ်။ အစာအိမ်နာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝိတ်ကျဖို့လည်း အထောက်အကူ ပြုပါတယ်။ ပိုလျှံနေတဲ့ အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် ဝိတ်ကျဖို့ အကူအညီဖြစ်ပါတယ်။ ငရုတ်သီးစိမ်းက သွေးထဲက သကြားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။ သွေးထဲက သကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုသမားတွေအတွက်လည်း အကျိုးရှိစေပါတယ်။ နောက်ပြီးတော့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ Antioxidants ဓာတ်တွေပါဝင်မှုကြောင့် ကင်ဆာဆဲလ်တွေ တိုးပွားလာစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဆန်ကျင်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ Cholesterol level နဲ့ triglyceride ပမာဏကို လျော့ကျစေတဲ့ အတွက် သွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးခဲခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း ဖြစ်ပေါ်ခြင်း ကနေ ကာကွယ်ပေး နိုင်ပါတယ်။ ငရုတ်သီးစိမ်းက အအေးပတ်ခြင်းကိုလည်း ကုသပေးဖို့ ကူညီနိုင်ပါတယ်။ Capsaicin ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် နှာခေါင်းထဲက အမှေးပါးတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ နှာခေါင်းထဲက ချွဲတွေကို ပျော်စေပြီး အအေးပတ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ (NVS-003)

30 Nov

ADVERTISE HERE .