ကြွက်သားတွေအတွက် ကောင်းမွန်စေတဲ့ အစားအစာတွေ

27 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကြွက်သားတွေအတွက် ကောင်းမွန်စေတဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒိန်ခဲပျော့ သို့မဟုတ် paneer ဟာ casein ဓာတ်နဲ့ ပြည့်ဝတာကြောင့် ၎င်းဟာ whey protein ရဲ့ အကောင်းဆုံးအရင်းအမြစ်ဖြစ်ပါတယ်။ Casein ဓာတ်ဟာ သင်အိပ်ပျော်နေတဲ့ အချိန်မှာ ကြွက်သားတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ Casein ဓာတ်ဟာ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတွေ breakdown ဖြစ်ခြင်းမှလည်း တားဆီးပေးပါတယ်။ ကြက်ဥဟာ protein ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ Protein ဓာတ်အပြင် အာဟာရဓာတ်တွေလည်း အလွန်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားတွေ အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် စားသုံးဖို့ အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ ကြက်ဥမှာပါဝင်တဲ့ amino acids တွေက ကြွက်သား တစ်သျှူးတွေကို လည်း ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ အခွံမာသီးတွေမှာ omega 3 fatty acids နဲ့ protein ဓာတ်တွေ ပြည့်ဝတာကြောင့် ဟောင်းနွမ်းသွားတဲ့ ကြွက်သားတစ်သျှူးတွေကို ပြန်လည်ပြုပြင်ရာမှာ ကူညီပေးသလို ရောင်ရမ်းမှုတွေကိုလည်း ကာကွယ် ပေးပါ တယ်။ ဖရဲသီးမှာ potassium နဲ့ magnesium ဓာတ်တွေ ပါဝင်မှုက ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး နာကျင်ခြင်းနဲ့ tension တွေကို ပြေလျော့စေပါတယ်။ နို့နဲ့ အခြားနို့ထွက်ပစ္စည်းတွေဟာ ကြွက်သားေတွ ပြန်လည်ကောင်းမွန်လာစေရန်အတွက် လုပ်ဆောင် ပေးပါတယ်။ နွားနို့အေးသောက်ခြင်းက ခန္ဓာကိုယ်ကို လန်းဆန်းစေရုံသာမက စွမ်းအင်ကိုလည်း ပေးစွမ်းနိုင် ပါတယ်။ နွားနို့မှာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ပင်ပန်းနေတဲ့ ကြွက်သားတစ်သျှူးတွေကို ပြန်လည် ပြုပြင်ရာမှာ ကူညီပေးပါတယ်။ နွားနို့မှာ ဆိုဒီယမ်ပါဝင်မှုကလည်း ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဟင်းနုနွယ်ရွက်ကလည်း ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို လေးလံစွာ လည်ပတ်ပြီးနောက် အားဖြည့်ပေးတဲ့ အစွမ်းရှိပါတယ်။ Electrolytes ဓာတ်ကြွယ်ဝဝာာကြောင့် ချွေးဖြင့်ဆုံးရှုံးသွားတဲ့ electrolytes ဓာတ်တွေ အားလုံးကို အစားထိုးပေးပြီး ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာစေပါတယ်။(NVS 003)

27 Nov

ADVERTISE HERE .