ကြက်သွန်ဖြူ မစားသင့်တဲ့ အချိန်တွေ

26 Nov

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ကြက်သွန်ဖြူ မစားသင့်တဲ့ အချိန်တွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သင်ဟာ ဝေဒနာတစ်ခုကြောင့် ဆေးဝါးတစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ကြက်သွန်ဖြူကို မစားခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဝါးတစ်မျိုးမျိုးရဲ့ အာနိသင်ကို မြှင့်တင်နိုင်စွမ်းရှိပါတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။ နောက်ပြီးတော့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ အသည်းနဲ့ဆိုင်တဲ့ ရောဂါတစ်ခုခု ရှိနေသူဆိုရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။ ဆေးဝါးတွေရဲ့ အာနိသင်ကို လျော့နည်းစေပါတယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စားတာဟာ သွေးတိုးကျစေလို့ သွေးဖိအား နည်းတတ်သူတွေအတွက် ကြက်သွန်ဖြူကို အစိမ်းလိုက်မစားသင့်ပါဘူး။ ဒါ့အပြင် အစာအိမ်နာတာနဲ့ အစာမကြေတာတို့ ဖြစ်တတ်ရင် ကြက်သွန်ဖြူအစိမ်းကို အများကြီးမစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် စားသုံးတာကို ရှောင်ကျဉ်သင့်ပါတယ်။ ကြက်သွန်ဖြူကို အများကြီးမဟုတ်ပဲ အနေတော်စားသုံးတာဟာ နို့တိုက်ကျွေးချိန်နဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ လုံခြုံစိတ်ချရတယ်လို့ ပြောဆိုကြပေမယ့် အဲဒီအချိန်မှာ ကြက်သွန်ဖြူကို စားသုံးဖို့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ခံ ပေးထားခြင်း မရှိပါဘူး။(NVS 003)

26 Nov

ADVERTISE HERE .