၀မ်းချုပ်စေတဲ့ အစားအစာတွေ

24 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ၀မ်းချုပ်စေတဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဆီကြော်မုန့်တွေနဲ့ အသင့်စား အစားအစာတွေက အမျှင်ဓာတ်ပါဝင်မှု လုံးဝမရှိဘဲ အဆီပါဝင်မှုသာ များတာကြောင့် အစာခြေဖို့ အခက်အခဲဖြစ်စေပါတယ်။ အဲဒီ့အတွက် သရေစာအဖြစ် စားချင်တယ်ဆိုရင် အသီးအနှံ တွေကို အစားထိုးစားပေးသင့်ပါတယ်။ ဂျုံ၊ နှံစားပြောင်း ကနေထုတ်ထားတဲ့ ပေါင်မုန့်ဖြူ၊ ဆန်လုံးဖြူ၊ ပါစတာစတာတွေက အမျှင်ဓာတ်နည်းတာကြောင့် ဝမ်းချုပ်စေပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ အခြားသောအစားအစာတွေထက် ပိုပြီးဝမ်းချုပ်စေပါတယ်။ လသား၊ တစ်နှစ်-နှစ်နှစ်ကလေးတွေမှာပိုဆိုးပါတယ်။ နွားနို့မှာတွေ့ရတဲ့ ပရိုတင်းဓာတ်ကြောင့်ပါ။ လေ့လာချက်ေတွအရ အသက် ၁နှစ် ကနေ ၁၂နှစ်အတွင်း ကလေးတွေမှာ နွားနို့သောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်းပိုဆိုးလာတယ်လို့တွေ့ရပါတယ်။ နွားနို့အစား ပဲနို့ကို ပြောင်းသောက်ခိုင်းလိုက်တဲ့ အခါမှာတော့ ဝမ်းချုပ်ခြင်းသက်သာစေတာကို တွေ့ရပါတယ်။ အသင့်စားအစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေပါတယ်။ အဆီများပြီး အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် အစာခြေခြင်းကို နှေးကွေးစေပါတယ်။ အသင့်စားအစားအစာဖြစ်တဲ့ ကွတ်ကီး၊ ချောကလက်၊ ရေခဲမှုန့်တွေအစား အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ အစားထိုးသင့်ပါတယ်။ အနီရောင်အသားတွေမှာ ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများ ရှိပါတယ်။ အမျှင်ဓာတ်ပါဝင်မှု နည်းခြင်းက အစာတွေ ရွေ့လျားဖို့ အဆင်မချောစေပါဘူး။ ပုံမှန်လူတစ်ယောက်ရဲ့ နေ့စဉ်ရနိုင်တဲ့ အမျှင်ဓာတ် ပမာဏကိုပါ လျှော့ချပစ်နိုင်ခြင်းကြောင့်လည်း ပိုဆိုးသွားပါတယ်။ အဲဒါကြောင့် ထမင်းစားချိန်မှာ အသားများများ စားခြင်းက အသီးအရွက်တွေက အမျှင်ဓာတ်တွေကိုပါလျှော့ချပစ်နိုင်ပါတယ်။ ဒါ့အပြင် အနီရောင်အသားတွေမှာ အဆီပါဝင်မှုလည်း ပိုများပါတယ်။ အဲဒါတွေကြောင့် ဝမ်းချုပ်ခြင်းကို ပိုဖြစ်စေပါတယ်။ ဒါ့အပြင် အရက်ကလည်း ဝမ်းချုပ်စေပါတယ်။ အရက်အများကြီး သောက်ခြင်းဟာ ခန္ဓာကိုယ်က မကြာခဏသွားပြီး ရေဓာတ်ဆုံးရှုံးမှုဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းက ရေလုံလောက်စွာမသောက်တဲ့လူလိုပါပဲ၊ အူမကြီးလုပ်ဆောင်ဖို့ရာ မလွယ်ကူစေတာကြောင့် ဝမ်းချုပ်စေပါတယ်။ ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကလည်း အရက်လိုပါပဲ ၊ ရေဓာတ်ကို ခမ်းခြောက်စေနိုင်တဲ့အတွက် ရေဓာတ်ချို့တဲ့သောအခါ အူမကြီးလုပ်ဆောင်ချက်နှေးကွေးစေပြီး ဝမ်းချုပ်စေပါတယ်။ (NVS-003)

24 Nov

ADVERTISE HERE .