မျက်ရိုးကိုက်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ

23 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ မျက်ရိုးကိုက်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မျက်ရိုးကိုက်တဲ့အခါမှာ ဆေးဝါးတွေကို သုံးစွဲနေရတာထက် အိမ်ထဲက ပစ္စည်းတွေနဲ့ ကုသရတာဟာ ပိုပြီးတော့ ဘေးထွက်ဆိုးကျိုးနည်းပြီး ကုသဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ မျက်ရိုးကိုက်တာဟာ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်ခြင်းတို့နဲ့လည်း ဆက်စပ်နေပြီး ကွန်ပျူတာ အကြည့်များ၊ ဖုန်း အကြည့်များရင်လည်း ခံစားလာရတတ်ပါတယ်။ ရေများများသောက်ပေးပါ။ တစ်ခါတရံ မျက်ရိုးကိုက်ခြင်းဟာ ရေဓာတ်အားနည်းသွားခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေခဲရေတော့ မသောက်ပါနဲ့။ ရိုးရိုးရေပဲ သောက်ပေးပါ။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါ။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ မျက်ရိုးကိုက်ခြင်းအတွက် အကောင်းဆုံး ရွေးချယ်မှုတွေပါပဲ။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သင့်ကို ဘေးထွက်ဆိုးကျိုးတွေ မရောက်စေဖို့ ကူညီပေးပါလိမ့်မယ်။ မျက်ရိုးကို ဆီလိမ်းပြီး နှိပ်နယ်ပေးပါ။ Oil Massage ဟာ မျက်ရိုးကိုက်ခြင်းကို အထိရောက်ဆုံး သက်သာစေတဲ့ နည်းတစ်မျိုးပါပဲ။ ဆီသုံးရာမှာ နှမ်းဆီစစ်စစ်၊ လာဗန်ဒါဆီ၊ ယူကလစ်ဆီ၊ မန်သိုဆီနဲ့ Spa တွေမှာ သုံးတဲ့ ဆီမျိုးလည်း ရပါတယ်။ အိမ်မှာ ဆောင်ထားဖို့ကတော့ နှမ်းဆီစစ်စစ် ဆိုရင် ပိုပြီး လွယ်ကူပါတယ်။ ဆီ အနည်းငယ် လိမ်းပြီး မျက်ရိုးကို ဖိပြီး နှိပ်ပေးပါ။။ ရေနွေးငွေ့ ခံပေးပါ။ ဇလုံတစ်ခုထဲကို ရေနွေး ဆူဆူထည့်ပြီး ရေနွေးငွေ့ ခံပေးပါ။ အမြန်ဆုံး သက်သာစေမယ့် နည်းပါ။ ခေါင်းပေါ်ကို တဘတ်ခြုံလိုက်ပြီး မျက်နှာကို ဇလုံနဲ့ တည့်တည့် ဖြစ်အောင် နေပါ။ ၁၀-၁၅ မိနစ်လောက် ပြုလုပ်ပေးလိုက်ပါ။ ရေနွေးထဲကို ယူကလစ်ဆီနဲ့ Menthol ပါတဲ့ ဆီနည်းနည်း ထည့်ပြီး ပြုလုပ်ရင် ပိုပြီး ထိရောက်စေပါတယ်။ (NVS-003)

23 Nov

ADVERTISE HERE .