နွားနို့ သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

21 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ နွားနို့ သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နွားနို့ကို နံနက်စောစောသောက်ပါက လူကို ဝဖြိုးစေပြီး နေ့လယ်ခင်းသောက်ပါက သလိပ်၊ သည်းခြေကြောင့်ဖြစ်တဲ့ ရောဂါတွေ ပျောက်ကင်းစေပါတယ်။ ညဘက်အခါမှာ သောက်ပေးရင် ရောဂါမျိုးစုံ ပျောက်ကင်းစေလို့ ကလေးသူငယ်တွေ နဲ့ လူကြီးတွေ အတွက်ပါ အားအင်ပြည့်စေပါတယ်။ နွားနို့ဟာ အရိုးပွရောဂါ၊ သွေးတိုးရောဂါနဲ့ အူမကြီးကင် ဆာရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒီအချက်ဟာ ဗီတာမင်နဲ့ ကယ်လ်စီယမ် ဖြည့်စွက်အားဆေးတွေနဲ့ အစားထိုးမရနိုင်တဲ့ အကျိုးကျေးဇူး ဖြစ်ပါတယ်။ နွားနို့မှာ ကယ်လ်စီယမ်ဓာတ်ပါလို့ အရိုးနဲ့ သွားတွေကို ခိုင်မာစေပါတယ်။ အဆီဓာတ် မပါလို့လည်း အဆီကြောင့်ဖြစ်တဲ့ ဝိတ်တက်ခြင်း၊ သွေးကြောပိတ်ဆို့ မာကျစ်ခြင်းတွေ မဖြစ်နိုင်ပါဘူး။ အဆီမပါတဲ့အတွက် ခန္ဓာကိုယ်ကျစ်လစ်သွယ်လျစေပါတယ်။ နွားနို့ဟာ အက်ဆစ်အထွက်များလို့ ရင်ပူတာ၊ အစားလမ်းကြောင်း ရောင်ရမ်းတာကို သက်သာစေပြီး အစာအိမ်ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ရေဆာ သက်သာပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်၊ ဆားဓာတ်ကို ထိန်းပေးပါတယ်။ လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ပြီးချိန်မှာ နွားနို့သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကို ဖြည့်ပေးပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို သိသာစွာ လျော့နည်းစေပါတယ်။ စိတ်ဖိစီးမှုသက်သာပြီး ခန္ဓာကိုယ်စွမ်း အင်မြှင့်တင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မိမိအတွက် ရော၊ သန္ဓေသားအတွက်ပါ ပရိုတင်းဓာတ်လိုအပ်သဖြင့် နွားနို့ကိုသောက်ရင် နွားနို့မှာပါဝင်တဲ့ ကေဆင်းပရိုတင်းကြောင့် ကလေး ရဲ့ တစ်သျှူးတွေကို တည်ဆောက် ပေးနိုင်ပါတယ်။ မီးဖွားပြီးရင်လည်း နို့ထွက်ကောင်းစေဖို့ နွားနို့သောက် ပေးရပါမယ်။ ဒါ့အပြင် နွားနို့ဟာ အမျိုးသမီးတွေအတွက် ကိုယ်ဝန် တည်စေနိုင်စွမ်း ရှိသလို ကိုယ်ဝန်မပျက်ကျရန် လည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းလွန်းတာ ကိုလည်း နွားနို့နဲ့ပဲ သွေးအားပြန် လည်ပြည့်စေပါတယ်။ (NVS-003)

21 Nov

ADVERTISE HERE .