အုန်းရည် သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

19 Nov

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အုန်းရည်သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် မက်ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အုန်းရည် သောက်ခြင်းဖြင့် ရေဓာတ်ပြန်လည်ပြည့်ဝစေပါတယ်။ အုန်းရည်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး အဆီနှင့် ကိုလက်စထရော မပါဝင်ဘူးလို့လည်း ဆိုပါတယ်။ အုန်းရည် 8 ounces(240 ml)မှာ ကယ်လိုရီ 40-60 ပဲပါဝင်ပါတယ်။ အဲဒါကြောင့် ကယ်လိုရီနည်းတဲ့ အချိုရည်လို့ မှတ်ယူလို့ရပါတယ်။ အုန်းရည် 94% က ရေဖြစ်ပြီး အဆီလည်းမပါဝင်ပါဘူး။ အဲဒါကြောင့် အတော်လေးကောင်းတဲ့ အားဖြည့်အချိုရည်ဖြစ်ပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး သွေးအတွင်းက ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ထုတ်နိုင် ပါတယ်။ အဲ့ဒါကြောင့် အုန်းရည်သောက်ခြင်းဖြင့် သွေးတိုးကျစေပါတယ်။ ဒါ့အပြင် ဆီးကျောက်တည်ခြင်းကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် အုန်းရည်ဟာ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေပါတယ်။ အုန်းရည်က အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများ စားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။ အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်းကျလာမှာ ဖြစ်ပါတယ်။(NVS 003)

19 Nov

ADVERTISE HERE .