ခရမ်းချဥ်သီးစားခြင်းရဲ့ ကောင်းကျိုးတွေ နဲ့ ဆိုးကျိုးတွေ

12 Nov

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ခရမ်းချဥ်သီးစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ခရမ်းချဥ်သီးသည် အရသာကောင်းမွန်ရုံသာမကဘဲ Lycopene လို့ခေါ်တဲ့ Antioxidant ဓာတ်တွေနဲ့ အခြား Vitamin၊ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ခရမ်းချဥ်သီးကို နေ့စဥ်စားသုံးခြင်းက Calcium ဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်ပြီး အသားအရေအတွက်လဲ ကောင်းမွန်စေပါတယ်။ နောက်ပြီး ခရမ်းချဥ်သီးအစေ့များဟာ Vitamin C၊ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် အလွန်အစွမ်းထက်ပါတယ်။ ခရမ်းချဥ်သီးအစေ့တွေက အရေပြား၊ နှလုံး၊ ကိုယ်အလေးအချိန်နဲ့ ကိုယ်ခံစွမ်းအားများအတွက်လဲ အကျိုးပြုပါတယ်။ ဒါ့အပြင် ခရမ်းချဥ်သီးအစေ့တွေက အစာချေဖျက်မှုအတွက် ကောင်းမွန်စေပြီး အမျှင်ဓာတ်နဲ့ amino acid ကြွယ်ဝစွာပါဝင်တာကြောင့် အာဟာရဓာတ်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရှိ cholesterol ကို ထိန်းညှိရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်လို့ ကျန်းမာရေးပညာရှင်အချို့ရဲ့ အဆိုအရသိရပါတယ်။ ဒါပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတဲ့သူတွေအနေနဲ့ ခရမ်းချဥ်သီး အစိမ်း ဒါမှမဟုတ် ခရမ်းချဥ်သီးအစေ့တွေကို စားသုံးခြင်းကနေ ရှောင်မကြဥ်ရမှာဖြစ်ပြီး သူတို့ရဲ့ acid ဓာတ်တွေ ပါဝင်မှုကြောင့် ရင်ပူခြင်းနဲ့ အစာခြေစနစ်ကို ဆိုးရွာစွာထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ခရမ်းချဥ်သီးကို အလွန်အကျွံစားသုံးခြင်းက Solanine လို့ခေါ်တဲ့ alkaloid ပါဝင်တာကြောင့် အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။(NVS 003)

12 Nov

ADVERTISE HERE .