ကျန်းမာရေး ထိခိုက်စေတဲ့ အကျင့်ဆိုးတွေ

10 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကျန်းမာရေး ထိခိုက်စေတဲ့ အကျင့်ဆိုးတွေ အကြောင်းကိုိ ပြောပြသွားမှာ ဖြစ်ပါတယ်။ နံနက်စာ စားခြင်းဟာ အလုပ်ခွင်နဲ့ စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာ မစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ အစာစားပြီးခါစမှာ ရေအဝသောက်ရင် အစာခြေဖျက်မှုကို အနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေသောက်ခြင်းကို ရှောင်ပေးပါ။ အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ ဇီဝဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပြီး သောက်သုံးသူကို အသက်အရွယ် အိုမင်းရင့်ရော်စေပါတယ်။ အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ ဇီဝဖြစ်စဉ် နှေးကွေးတာ ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့ လေဖြတ်ရောဂါတွေ ကို ဖြစ်စေနိုင်ပါတယ်။ အစာစားပြီးတိုင်း သွားတိုက်ခြင်းက ခံတွင်းနဲ့သွားရောဂါ ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာ တွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။ မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပါတယ်။ ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲ သစ်တာ အကောင်းဆုံးပါပဲ။ ဒေါက်မြင့်ဖိနပ်စီးခြင်းက အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပြီး ခြေထောက် ၊ ခြေမျက်စိ ၊ ဒူး ၊ ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ လမ်းခဏခဏ လျှောက်ခြင်းဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။ (NVS-003)

10 Nov

ADVERTISE HERE .