အသားအရေ ခြောက်သွေ့မှု အတွက် သက်သာစေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ

07 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အသားအရေ ခြောက်သွေ့မှုတွေအတွက် သက်သာစေအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပျားရည်ကို ခွက်ရဲ့တစ်ဝက်လောက်ထည့်ပြီး နွားနို့ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပေးပြီး ၅ မိနစ်လောက် နှိမ့်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ဒီနည်းလမ်းလေးက ဆောင်းရာသီအတွင်း အသားအရေခြောက်သွေ့မှုကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ထောပတ်သီးဟာ ဆောင်းရာသီအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရေ ခြောက်သွေ့တာအတွက် အကောင်းဆုံးဖြစ်သလို အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ထောပတ်သီးကို သံလွင်ဆီ အနည်းငယ် နဲ့ ရောပြီး နယ်ပေးကာ မျက်နှာပေါ်လိမ်းပေးပါ။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidant တွေက ဆောင်းရာသီကြောင့် ခြောက်သွေ့နေတဲ့ အသားအရေကို စိုပြေလန်းဆန်းလာစေမှာ ဖြစ်ပါတယ်။ ကြက်ဥအကာ ကတော့ ချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့ သူတွေအတွက် သင့်တော်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ကြက်ဥနှစ်လုံးက အကာတွေကို မျက်နှာမှာလိမ်းပေးပြီး နာရီဝက်ကနေ တစ်နာရီ အထိထားကာ မျက်နှာသစ်ပေးပါ။ နဖူး၊ နှာခေါင်း၊ မေးစေ့တို့ မှာသာ အဆီပြန်ပြီး မျက်နှာပြင်ရဲ့တခြားနေရာတွေမှာ ခြောက်သွေ့နေတတ်တဲ့ ပေါင်းစပ်အသားအရေ (Combination Skin) အမျိုးအစားရှိသူတွေအတွက် ငှက်ပျောသီးကို ခရင်မ်နဲ့ ရောပြီး မျက်နှာပေါ်မှာ တစ်နာရီခွဲကြာအောင် လိမ်းပေးထားပါ။ အသားအရေ နူးညံ့ချော့မွေ့လာမှာ ဖြစ်ပါတယ်။ (NVS-003)

07 Nov

ADVERTISE HERE .