"အစာမကြေ ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်တဲ့အခါမှာ စားသင့်တဲ့ အစားအစာတွေ"

04 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်တဲ့အခါမှာ စားသင့်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ သာစေပါတယ်။ ငှက်ပျောသီးဟာ အစာချေစနစ်ကိုအထောက်အကူ ဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေတဲ့အခါ ကျွေးနိုင်ပါတယ်။ အမျှင်ဓာတ်နဲ့ သကြားဓါတ်တွေ ပါဝင်တာကြောင့် ရေဓာတ်ဖြည့်တင်းပေးရာမှာလည်း အကူအညီပေးတာကြောင့် ဗိုက်အောင့်အော့အန်တာတွေကို သက်သာစေပါတယ်။ ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်း ကြွက်သား တွေကို သန်မာစေပြီး အစာ ချေဖျက် စွမ်းရည်ကို မြှင့်တင် ပေးနိုင် ပါတယ်။ အစာ မကြေ ရင်ပြည့် နေချိန်မှာ ပူစီနံရွက်ပါတဲ့ ဖျော်ရည် မျိုးကို သောက်သုံးနိုင်ပါတယ်။ သင်္ဘောသီးဟာ အစာ ချေဖျက် ရာမှာ အကူ အညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ် တစ်မျိုး ပါဝင် တာကြောင့် အစာ မကြေတဲ့ အခါမျိုးမှာ စားပေး နိုင်ပါတယ်။ ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်းကို ရှင်းလင်းပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေ သက်သာစေပါတယ်။ ကရဝေးစေ့မှာ ပါဝင်တဲ့ အဆီဓာတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာ ရှိစေပါတယ်။ (NVS 003)

04 Nov

ADVERTISE HERE .