Green Tea သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

28 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ Green Tea သောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Green Tea က ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ လေ့လာမူတွေအရ green tea ကို နေ့စဉ်ပုံမှန် သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သာမန်ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို့ တွေ့ရှိ ထားကြပါတယ်။ ဒါဟာ green tea မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ပြီး အဆိုပါဓာတ်ပေါင်းဟာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ green tea ကို နေ့စဉ်သောက်ပေးသင့်ပါတယ်။ Green Tea က ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Free radicals တွေဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အပြင် အချို့သော ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ Green tea မှာ ပါဝင်တဲ့ ဓာတ်တွေဟာ အဆိုပါအန္တရာယ်ရှိတဲ့ free radicals တွေကို ဓာတ်ပြယ်စေနိုင်ပြီး nitrosamines(ယမ်းစိမ်း) ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်ပေါ်ခြင်းကို တားဆီးစေနိုင်တာမို့ ကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ချ ပေးပါလိမ့်မယ်။ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Green tea မှာ အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာ ပါဝင်တာမို့ ကိုလက်စထရော ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ သွေးပျစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းအမျိုးမျိုးပါဝင်တဲ့ Green tea ဟာ သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်း တို့ကို ကာကွယ်ပေးနိုင်သလို လေဖြတ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာပါရှိတဲ့တဲ့ green tea ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် green tea မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ပန်ကရိယရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ပန်ကရိယ က ကောင်းစွာ အလုပ်လုပ်နိုင်တာနဲ့အမျှ အင်ဆူလင်ဓာတ်ထုတ်လုပ်မှုဟာ ပိုမိုကောင်းမွန်အကျိုးရှိလာမှာဖြစ်ပြီး သွေးတွင်းသကြားဓာတ်တွေကို လိုသလို ထိန်းညှိလာနိုင်မှာဖြစ်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ် ပြီးသား ဖြစ်သွားပါလိမ့်မယ်။(NVS 003)

28 Oct

ADVERTISE HERE .