"ကျောက်ကပ်ကို ပျက်စီးစေတဲ့ အစားအသာက်များ" (အပိုင်း ၂)

27 Oct

NVS 003 ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကျောက်ကပ်ကို ပျက်စီးစေတဲ့ အစားအသောက်များ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ၎င်းတို့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ ပါဝင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအာဟာရဓာတ် အများအပြားဖြစ်ခြင်းက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကန်စွန်းဥ၊ မုန်လာဥစိမ်း၊ မျောက်ဥနဲ့ မှို စတဲ့ ဟင်းသီးဟင်းရွက်များက ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်ဓာတ် ပမာဏ မြင့်မားလာတဲ့အခါမှာ သွေးထဲက concentration level ကိုပါ မြင့်မားလာစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်ရင် ဆဲလ်တွေကို ပျက်စီးစေပြီး ဇီဝဖြစ်စဉ်နဲ့ ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ တချို့ အခြေအနေတွေမှာ နှလုံးခုန်နှုန်း မမှန်ခြင်းနဲ့ နှလုံးအလုပ်မလုပ်ခြင်းတို့ပါ ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ ကျောက်ကပ်က မကောင်းပါက ငှက်ပျောသီး၊ raisin စပျစ်သီး၊ ဆီးသီး၊ collard greens၊ သခွားမွှေးသီး၊ ခရမ်းချဉ်သီး၊ အာလူး၊ မုန်လာဥစိမ်း၊ အညိုရောင် မှိုများ စားသုံးမှုကို ရှောင်ပေးပါ။ ၎င်းတို့က သင့်ရဲ့ ကျောက်ကပ် အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲတဲ့အခါမှာ အကိုက်အခဲပျောက်ဆေးတွေ သောက်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် လူအများစုက ၎င်းတို့ကို ခဏခဏ သောက်ခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ ရေရှည်ဘေးထွက်ဆိုးကျိုးများကို သတိမထားမိကြပါဘူး။ ရေရှည် မကြာခဏ သောက်သုံးပါက သင့်ရဲ့ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် အကိုက်အခဲပျောက်ဆေးများကို moderation နဲ့ သောက်သုံးရန် အကြံပြုပါတယ်။ ငါးများက အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် တချို့ငါးများတွင် purines မြင့်မားစွာ ပါဝင်မှုရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာ Purines ဓာတ် ပမာဏများရင် ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ Sardines ငါးတွေမှာ purine ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ၎င်းသည် နောက်ပိုင်းမှာ ဆီးထဲတွင် ယူရစ်အက်ဆစ်အဖြစ် ပြောင်းလဲလာပြီး ယူရစ်အက်ဆစ်ကျောက်များ ဖြစ်လာစေပါတယ်။ အဲ့ဒါကြောင့် purine ဓာတ်ကြွယ်ဝတဲ့ အစားအစာများက သင့်ခန္ဓာကိုယ်အတွင်း calcium oxalate ကျောက်များကို ဖြစ်စေနိုင်ပါတယ်။ Sardines ငါးများက purine ဓာတ် ပမာဏမြင့်မားစွာစားသုံးပါက ကျောက်တည်ခြင်းမရှိဘဲ ကျန်းမာတဲ့ လူတွေမှာတောင် hyperuricemia နဲ့ hyperuricosuria ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အကယ်၍ သင်က sardine ငါးများကို ကြိုက်နှစ်သက်ပါက ၎င်းတို့ကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကန့်သတ်ထားပြီး စားသုံးရန်လိုအပ်ပါတယ်။ Purine ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ တချို့ အစားအစာတွေကတော့ anchovies၊ ကိုယ်တွင်းအင်္ဂါအသားများ၊ ဝက်သား၊ scallops၊ ပုစွန်နဲ့ မုန့်ဖုတ်ထားတဲ့ အစားအစာများ ဖြစ်ကြပါတယ်။ ကျောက်ကပ်ပြဿနာများ မဖြစ်စေရန် ထို အစားအစာ အမျိုးအစားများကို ရှောင်ကြဉ်သင့်ပါတယ်။ ဟင်းနုနွယ်ရွက် စားသုံးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ၎င်းကို စားသုံးခြင်းရဲ့ အကျိုးကျေးဇူးအချို့ကတော့ အာဟာရဓာတ်များ၊ အမျှင်ဓာတ်နဲ့သတ္တုဓာတ်များ ပါဝင်ပါတယ်။ ဒါပေမယ့် ဟင်းနုနွယ်ရွက်တွင် oxalate ဟုခေါ်တဲ့ ဒြပ်ပေါင်းများပါဝင်မှုက မြင့်မားပါတယ်။ အဲ့ဒီ ဒြပ်ပေါင်းက ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေပါတယ်။ ဆေးရုံးကို သွေးစစ်ဖို့သွားတဲ့အခါမှာ ဆရာဝန်တွေက သင့်သွေးကြောတွေကို စစ်ဆေးဖို့ imaging testတွေ ပြုလုပ်ပါတယ်။ Contrast dye ဟုခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို သွေးကြောများအတွင်းသို့ ထိုးသွင်းတတ်ကြပါတယ်။ Contrast၊ သွေးကြောဆိုင်ရာ သို့မဟုတ် နှလုံးဓာတ်မှန်ရိုက်ခြင်း စတဲ့ CT scan တွင် အသုံးပြုကြပါတယ်။ အဲ့ဒီ dye ဟာ ကျောက်ကပ်အတွက် ဆိုးရွားစွာ သက်ရောက်မှုရှိနိုင်ပါတယ်။ အဲ့ဒီ dye ရဲ့ အကျိုးသက်ရောက်မှုကို induced nephropathy ဟု ရည်ညွှန်းထားပါတယ်။ ဓာတ်မှန်ရိုက်ခြင်းလုပ်ငန်းစဥ်ကို မစမီ ဆရာဝန်များက သင့်ရဲ့ ကျောက်ကပ်ကို အရင်စစ်ဆေးရန် အရေးကြီးပါတယ်။ သင့်မှာ ကျောက်ကပ် infection ရှိရင် လျစ်လျူမရှုသင့်ပါ။ အများစုတွင် ကျောက်ကပ်ပိုးဝင်ခြင်းက ဆီးအိမ်ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ကြပါတယ်။ အဲ့ဒါကြောင့် သင့်မှာ ဆီးအိမ် infection ရှိပါက သင့်ကျောက်ကပ်ကို မပျံ့နှံ့မီ ကုသမှုခံယူပါ။ လေ့ကျင့်ခန်း များများလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက သွေးပေါင်ချိန်၊ ကိုလက်စထရောနဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ အိပ်စက်ခြင်းနဲ့ ကြွက်သားလုပ်ဆောင်မှုကို အထောက်အကူလည်း ပြုပါတယ်။ အဲ့ဒီအချက်များအားလုံးက ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုများကို normal ဖြစ်အောင် ကူညီပေးပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ ကိုယ်အလေးချိန်ကျရင် ကျောက်ကပ်ရောဂါ၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ အဲ့ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်ပေးလုပ်ခြင်းက သင့် ကျန်းမားရေးအတွက် ကောင်းမွန်ပါတယ်။ ညဘက်မှာ မအိပ်ခြင်း နဲ့ အိပ်ရေးမဝခြင်းက ကျန်းမာရေး အတွက် မကောင်းပါဘူး။ ညကို ၅ နာရီ အိပ်ချိန် သို့မဟုတ် အဲ့ဒီထက်လျှော့အိပ်တတ်ကြ သူများက ကျောက်ကပ်ရဲ့လုပ်ဆောင်မှု လျင်မြန်စွာ ကျဆင်းနိုင်ခြေ ၆၅% ပိုများပါတယ်။ အိပ်ရေးပျက်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါအပြင် ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုများကို ဖြစ်စေနိုင်ပါတယ်။ ဆီးသွားချင်ရင် ဆီးကို မထိန်းပါနဲ့။ သင့်ရဲ့ ကျောက်ကပ်အတွက် မကောင်းပါဘူး။ ရေရှည်မှာ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ဆီးသွားချင်တဲ့ အခါမှာ ချက်ချင်းသွားပေးပါ။ သင့်သွေးပေါင်ချိန်ကို မကြာခဏစောင့်ကြည့်ပေးပါ။ သင့်ကျောက်ကပ်က aldosterone ဟုခေါ်တဲ့ ဟော်မုန်းတစ်မျိုးကိုလည်း ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီဟော်မုန်းက သင့်သွေးဖိအားကို ထိန်းညှိပေးပါတယ်။ သွေးတိုးခြင်းကြောင့် ကျောက်ကပ်ပျက်စီးသွားတဲ့အခါမှာ ဒီဟော်မုန်းကို လုံလောက်အောင် မထုတ်ပေးနိုင်တော့ပါဘူး။ ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်နည်းခြင်း သို့မဟုတ် သွေးပေါင်ကျခြင်းက အင်္ဂါအစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု မလုံလောက်ခြင်းတို့ကို ဖြစ်စေပါတယ်။ အဲ့ဒီ သွေးမလုံလောက်မှုက ကျောက်ကပ်ကို ကောင်းမွန်စွာလုပ်ဆောင်ရန် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ကိုပါ ထိခိုက်စေပါတယ်။ နှလုံးဖောက်ခြင်း၊ ကျောက်ကပ်ပျက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့ကိုပါ ဖြစ်စေတတ်ပါတယ်။ အဲ့ဒါကြောင့် သင့်ရဲ့ သွေးပေါင်းချိန်ကို မကြာခဏ စစ်ပေးပါ။

27 Oct

ADVERTISE HERE .