ကျောက်ကပ်ကို ပျက်စီးစေတဲ့ အစားအသောက်များ (အပိုင်း ၁)

26 Oct

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကျောက်ကပ်ကို ပျက်စီးစေတဲ့ အစားအသောက်များ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အမဲသား၊ ဝက်သားနဲ့ သိုးအသား စတဲ့ Red Meat များက ပရိုတင်းဓာတ်ရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပေမယ့် သင့်အစားအစာထဲမှာ အသားများ အလွန်အကျွံပါဝင်အခြင်းက သင့်အား ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။ Red Meat စားသုံးမှုရဲ့ ရေရှည်အကျိုးသက်ရောက်မှုကို စုံစမ်းစစ်ဆေးတဲ့ လေ့လာမှုတစ်ခုအရ ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ခြေ တိုးလာစေတယ်လို့ သိရပါတယ်။ ထိုအသားများကို အလွန်အကျွံစားသုံးပါက ကျောက်ကပ်စစ်ထုတ်မှုကို ပျက်စီးစေတဲ့ အညစ်အကြေးများကို ထုတ်ပေးနိုင်ပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ Red meat များတွင်ပါဝင်တဲ့ ပရိုတင်းဓာတ်က ကျောက်ကပ်လုပ်ငန်းစဥ်အပေါ် stress ဖြစ်စေတဲ့ ရလဒ်များကို ထုတ်ပေးပြီး ယင်းပရိုတင်းကို ဖြိုခွဲလိုက်တဲ့အခါမှာ urea ဟုခေါ်တဲ့ ဒြပ်ပေါင်းကို ထုတ်လွှတ်ပါတယ်။ Urea အလွန်အကျွံဖြစ်ခြင်းက ကျောက်ကပ်ကို အားနည်းနေပြီး ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ အမဲသား၊ ဝက်သားနဲ့ သိုးအသား စတဲ့ Red Meat များမှာ တခြားအသားတွေထက် saturated fat နဲ့ ကိုလက်စထရောများပါဝင်ပါတယ်။ ၎င်းသည် ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး နှလုံးရောဂါကို အခြေအနေကို ပိုဆိုး စေပါတယ်။ ကျောက်ကပ်ဆိုင်ရာ သွေးလွှတ်ကြောရောဂါဖြစ်နိုင်ခြေကိုလည်း တိုးမြင့်စေပါတယ်။ အရက်သောက်ခြင်းက သင့်ဦးနှောက်လုပ်ဆောင်ချက်ကို နှေးကွေးစေပြီး သင့်ကျောက်ကပ်ကိုလည်း ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ အရက်မကြာခဏသောက်ခြင်းက သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေပြီး ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။ အရက်က တခြားအန္တရာယ်ရှိတဲ့ သက်ရောက်မှုများစွာလည်း ရှိပါတယ်။ လေ့လာမှုတစ်ခုအရ နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေရှိပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းအပြင် အရက်အလွန်အကျွံသောက်သုံးခြင်းကလည်း သွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မားစေပါတယ်။ National Kidney Foundationရဲ့ အဆိုအရ တစ်နေ့လျှင် အရက်လေးခွက်ထက် ပိုသောက်ခြင်းက သင့်ကျန်းမာရေးကို ဆိုးရွားစေပြီး ကျောက်ကပ်ရောဂါကို ပိုမိုထိုခိုက်စေနိုင်ပါတယ်။ ဆားသည် ကျောက်ကပ်ကျောက်တည်နိုင်ခြေကို တိုးစေပြီး ဆီးချိုနဲ့ အဝလွန်ခြင်း စတဲ့ကျန်းမာရေးပြဿနာများ ဖြစ်စေပါတယ်။ ဒါ့အပြင် ဆားကို ပမာဏများများစားသုံးမိပါက ကျောက်ကပ်နဲ့ အသည်းပြဿနာများအပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ water rentention၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေနိုင်ပါတယ်။ ဆားစားသုံးမှုဟာ ၆ ဂရမ် သို့မဟုတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက် မပိုစေပါနဲ့။ ကဖိန်းဓာတ် ပမာဏများခြင်းက ခန္ဓာကိုယ်အပူချိန် တိုးလာခြင်း၊ သွေးတိုးခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးတုန်ခြင်း၊ တုန်လှုပ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေပါတယ်။ ကဖိန်းဓာတ်ဟာ ကျောက်ကပ်က ရေဓာတ်ခန်းခြောက်သွားစေနိုင်တဲ့အပြင် fluids တွေကို ပိုစုပ်ထုတ်ဖို့ ပိုဖြစ်စေပါတယ်။ ကဖင်းဓာတ်က ကျောက်ကပ်ကို ပို stress ဖြစ်စေတဲ့အပြင် သွေးစီးဆင်းမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ အဲ့ဒါကြောင့် သွေးဖိအားကိုလည်း တိုးစေနိုင်ပါတယ်။ ကျွမ်းကျင် ပညာရှင်တွေက တစ်နေ့ကို ကဖိန်းဓာတ် ၂၀၀-၃၀၀ မီလီဂရမ်လောက်ရှိဖို့ပဲ အကြံပြုထားပါတယ်။ တချို့ artificial sweeteners များက ကယ်လိုရီဓာတ်များ နဲ့ အာဟာရ ရရှိနိုင်တဲ့ အာနိတင်များ လုံးဝမပါဝင်ပါဘူး။ Artificial sweeteners များအလွန်အကျွံစားသုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်စေနိုင်ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါ့အပြင် သကြားနဲ့ အချိုဓာတ်များတဲ့ အစားအစာတွေက သွားအပေါက်ဖြစ်ခြင်း နဲ့ သွားပိုးစားခြင်းစတဲ့ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ပါတယ်။ နွားနို့နဲ့ နို့ထွက်ပစ္စည်းတချို့တွင် အက်စစ်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ဆီးထဲသို့ ကယ်လ်စီယမ်ထုတ်လွှတ်မှုကို တိုးမြှင့်ပေးတဲ့ animal protein ဓာတ်များလည်း ပါဝင်ပါတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါမှာ ခန္ဓာကိုယ်က အက်ဆစ်ဓာတ်ကို ချေဖျက်ဖို့အတွက် အရိုးတွေကနေ ကယ်လ်စီယမ်ဓာတ်ကို ယူရပါမယ်။ ၎င်းသည် သင့်ရဲ့ အရိုးများကို အားနည်းစေရုံသာမကဘဲ ကျောက်ကပ်အပေါ် ကြီးမားတဲ့ pressure လည်းပေးနိုင်ပါတယ်။ Carbonated ဖျော်ရည်များက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဖြင့် ပေါင်းစပ်ထားတဲ့ အချိုရည်များ ဖြစ်ကြပါတယ်။ အလွန်အကျွံသောက်ခြင်းက သွေးဖိအားကိုတိုးစေပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကို လျော့ကျစေ ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကျောက်တည်နိုင်ခြေကိုလည်း မြင့်မားစေနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်လျှင် ဆိုဒါဖျော်ရည် ၂ ခွက်သောက်ခြင်းက ပန်ကရိယမှထုတ်တဲ့ အင်ဆူလင်ပမာဏကို တိုးစေပြီး ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေကို နှစ်ဆတိုးစေနိုင်တယ်ဟု သိရပါတယ်။ သွေးတွင်း အင်ဆူလင် ပမာဏ မြင့်မားခြင်းက ဆီးချိုရောဂါ နဲ့ နှလုံးရောဂါ အပါအဝင် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ကာဗွန်နိတ်ပါတဲ့ ဖျော်ရည်တွေကို မကြာခဏ သောက်သုံးခြင်းဟာ နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး အသည်းပျက်စီးခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အဝလွန်ခြင်းတို့ကို ဖြစ်စေပါတယ်။ အဲ့ဒီဖျော်ရည်ဘူးတွေမှာ သကြားလက်ဖက်ရည်ဇွန်း ၁၀ ဇွန်းအထိ ပါဝင်ပါတယ်။ ဆေးလိပ်သောက်သူများက အဆုတ်၊ ဆီးအိမ်နဲ့ ခံတွင်းကင်ဆာများ စတဲ့ ကင်ဆာအမျိုးအစားများစွာကို ဖြစ်နိုင်ချေ မြင့်မားရုံသာမက ဆေးလိပ်သောက်ခြင်းကြောင့်လည်း အဆုတ်နဲ့ နှလုံးရောဂါတို့ ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်ခြေကိုလည်း တိုးမြင့်စေပါတယ်။ စီးကရက်တစ်လိပ်မှာ ဓာတုပစ္စည်းပေါင်း ၄၈၀၀ ကျော် ပါဝင်ပြီး အဲဒီထဲက ၆၉ မျိုးကို carcinogens များဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို တိုးစေခြင်းဖြင့် ကျောက်ကပ်ကို ထိခိုက်စေပြီး ကျောက်ကပ်လုပ်ငန်းဆောင်ချက်အပေါ် stress ပေးပါတယ်။ ၎င်းသည် သွေးစီးဆင်းမှုကို လျော့ကျစေပြီး သွေးကြောများကို ကျဉ်းစေကာ သွေးလွှတ်ကြောများကို ပျက်စီးစေပါတယ်။ ဆေးလိပ်မသောက်သူတွေထက် ဆေးလိပ်သောက်သူတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းက အဓိက အင်္ဂါအစိတ်အပိုင်းအားလုံးသို့ သွေးစီးဆင်းမှုကို နှေးကွေးစေပြီး ၎င်းသည် သွေးတိုးရောဂါကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးများရဲ့ အာနိတင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မထိန်းချုပ်နိုင်တဲ့ သွေးတိုးရောဂါဟာ ကျောက်ကပ်ရောဂါရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစားအစာ (Genetically modified food) တွေက ကျောက်ကပ်အတွက် ရေရှည်မကောင်းပါဘူး။ အီဂျစ် သုတေသီများရဲ့ လေ့လာမှုတွေအရ မျိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်ကို ကြွက်များကို ကကျွေးကြည့်လိုက်တဲ့အခါမှာ ၎င်းတို့ရဲ့ ကျောက်ကပ် ၊ အသည်း ၊ သွေး နဲ့ DNA များတွင် သေစေနိုင်တဲ့ အဆိပ် ပမာဏပါရှိတာကို တွေ့ရှိ ခဲ့ပါတယ်။ အဲ့ဒါကြောင့် GMOs ဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များကို ရှောင်ရှားရန် ၁၀၀% အော်ဂဲနစ်ဟု တံဆိပ်တပ်ထားတဲ့ အစားအသာက်များကို ဝယ်ယူရန် အကြံပြုထားပါတယ်။ ရေဓာတ်က ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် ရေအများကြီး သောက်သုံးခြင်းက အန္တရာယ်လည်း ရှိစေပါတယ်။ လေ့လာမှုတွေအရ ရေကို အလွန်အကျွံသောက်ခြင်းက အဆင့် 5 CKD လူနာများတွင် နာမကျန်းမှုနဲ့ သေဆုံးမှုကို တိုးမြင့်စေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီလူနာများရဲ့ ခန္ဓာကိုယ်အတွင်း ရေဓာတ်များများ သိုလှောင်ခြင်းက နှလုံးသွေးကြောဆိုင်ရာ သေဆုံးနိုင်ခြေ မြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။ ရေအလွန်အကျွံ သောက်သုံးခြင်းက hyponatremia ကို ဖြစ်စေနိုင်ပါတယ်။ ရှားပါးစွာဖြစ်လေ့ရှိပေမယ့်လည်း အချိန်တိုအတွင်း ရေ အရမ်းများများ သောက်တဲ့အခါမှာ ဖြစ်ပေါ်နိုင်ပါတယ်။ Hyponatremia က ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း ၊ တက်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း နဲ့ သေဆုံးခြင်းကိုလည်း ဖြစ်နိုင်ပါတယ်။ (NVS-003)

26 Oct

ADVERTISE HERE .