လူတင်ဓာတ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

22 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ လူတင်ဓာတ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လူတင်ဓာတ်ကတော့ antioxidant အောက်ဆီဂျင်ဓာတ်တိုးပစ္စည်း တစ်မျိုးပဲဖြစ်ပြီး မျက်လုံးကျန်းမာရေး၊ အရေပြားနဲ့ နှလုံးကျန်းမာရေးကောင်းမွန်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါအချို့နဲ့ ဆီးချိုရောဂါကြောင့် အန္တရာယ်ရှိခြင်းမှ လျော့ကျစေနိုင်ပါတယ်။ လူတင်ဓာတ်က မျက်လုံးအမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။ မျက်စိတိမ်စွဲရောဂါကို သက်သာစေနိုင် ပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော် ခြင်းနဲ့ အရေပြား ကင်ဆာကိုလည်း ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် သွေးထဲမှာ လူတင်ဓာတ်ပမာဏများခြင်းက သွေးတွင်းရှိ သကြားဓာတ်အန္တရာယ်ကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် ဆီးချိုရောဂါကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ လူတင်ဓာတ်က ကင်ဆာရောဂါကို ကာကွယ်ဖို့ကူညီပေးနိုင်တဲ့ သဘာဝဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လူတင်ဓာတ်ပါဝင်တဲ့ အစားအစာတွေမှာ အခြားအကျိုးရှိတဲ့ antioxidant ဓာတ်တွေ များစွာပါဝင်တာကြောင့် ယောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ယောင်ရမ်းခြင်းကို လျော့ကျစေတဲ့အတွက် နှလုံးသွေးကြောရောဂါနဲ့ ပတ်သက်တဲ့ ရောဂါအန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။ လူတင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ ကိုက်လန်၊ တရုတ်မုန်လာ၊ ဂေါ်ဖီအနွယ်ဝင်၊ ဟင်းနုနယ်ရွက်၊ ဂေါ်ဖီထုပ်အသေး/ကွမ်းသီးဂေါ်ဖီထုပ်၊ ပြောင်းဖူး၊ ပန်းပွင့်စိမ်း၊ ကြက်ဥ၊ သင်္ဘောသီး၊ လိမ္မော်သီး နဲ့ ပဲတောင့်စိမ်း တို့ ဖြစ်ပါတယ်။(NVS 003)

22 Oct

ADVERTISE HERE .