မုန်လာဥဖြူနဲ့ အတူတွဲ မစားသင့်တဲ့ အစားအစာတွေ

15 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ မုန်လာဥဖြူနဲ့ အတူတွဲ မစားသင့်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မုန်လာဥဖြူမှာ ဗီတာမင် A၊ B၊ C၊ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ သံဓာတ်ကဲ့သို့သော သတ္တုဓာတ်တွေ များစွာကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် မုန်လာဥဖြူနဲ့ အတူတွဲ မစားသင့်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ မုန်လာဥဖြူကို စားပြီးပြီးချင်း နွားနို့သောက်ခြင်းက ရင်ပူခြင်း၊ အက်ဆစ်ပြန်တက်ခြင်းနဲ့ ဗိုက်နာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီ အစားအစာနှစ်မျိုးကို စားသုံးခြင်းကို နာရီအနည်းငယ်ကွာဟပြီး စားတာက အကောင်းဆုံး ဖြစ်ပါတယ်။ သခွားသီးမှာ ဗီတာမင် C စုပ်ယူနိုင်တဲ့ အက်စကိုဗိတ် (ascorbate) ပါဝင်တာကြောင့် သခွားသီးနဲ့ မုန်လာဥဖြူကို တွဲမစားသင့်ပါဘူး။ မုန်လာဥဖြူနဲ့ လိမ္မော်သီးကို အတူစားသုံးခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ အဲဒီနှစ်ခုရဲ့ ပေါင်းစပ်မှုက သင့်အတွက် အဆိပ်လိုမျိုးဖြစ်စေနိုင်ပါတယ်။ ၎င်းဟာ အစာအိမ်ပြဿနာတွေကို ခံစား ရစေရုံသာမက တခြားကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ မုန်လာဥဖြူနဲ့ ကြက်ဟင်းခါးသီးကို ဘယ်လိုနည်းနဲ့မဆို တွဲမစားဖို့ အထူးသတိပြုပေးပါ။ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ၎င်းဟာ သင့်အသက်ရှုလမ်းကြောင်းကို ထိခိုက်စေရုံသာမက နှလုံး ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မုန်လာဥဖြူနဲ့ လက်ဖက်ရည်တို့ကို စားသုံးခြင်းဟာ ဝမ်းချုပ်ခြင်းနဲ့ acidity ဖြစ်စေနိုင်တာကြောင့် အန္တရာယ်များပါတယ်။ မုန်လာဥဖြူက အေးပြီး လက်ဖက်ရည်က နွေးပါတယ်။ အဲ့ဒါကြောင့် ထိုနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လက်ဖက်ရည်နဲ့ မုန်လာဥဖြူတို့ ပေါင်းစပ်မှုဟာ သဟဇာတမဖြစ်ဘူးလို့ ဆိုကြပါတယ်။ နောက်ပြီးတော့ မုန်လာဥဖြူကို အလွန်အကျွံ စားသုံးခြင်းကလည်း ရေဓာတ်ခန်းခြောက်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာ အချို့ကို ဖြစ်စေနိုင်ပါတယ်။ (NVS 003)

15 Oct

ADVERTISE HERE .