ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေ

14 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ညစဉ်ညတိုင်းမှာ အိပ်ချိန် ၁၁ နာရီ ထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက် အနားယူချိန်ဟာ ည ၁၁ နာရီကနေ မနက် ၃ နာရီအတွင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါးကလည်း လက်ခံ ထားကြပါတယ်။ ည ၁၁ ကနေ ၃ နာရီ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက် စေပါလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ည ၁၁ နာရီကနေ မနက် ၃ နာရီ အချိန်အတွင်းမှာ လူတို့စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့အရာတွေကို စစ်ထုတ်ပေးနေရလို့ပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက် အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့လုပ်ဆောင်မှုတွေ ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။ အသည်း မကောင်းတော့ရင် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင်ကျန်တဲ့ အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ် မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါတွေအပြင် အခြားရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။ အဲဒီလို အိပ်စက်အနားယူပေးရမယ့် အချိန်မှာ အခြားဘာပဲလုပ်လုပ် အဲ့ဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။(NVS 003)

14 Oct

ADVERTISE HERE .