ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေ

07 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ညစဉ်ညတိုင်း အိပ်ချိန် ၁၁ နာရီထက် ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လေ့လာ တွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီ ကနေ နံနက် ၃ နာရီအတွင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ည ၁၁ ကနေ နံနက်၃ နာရီအတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါ လိမ့်မယ်။ ချက်ချင်း မဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိက အရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁ နာရီနဲ့ ၃ နာရီအချိန်အတွင်းမှာ လူတို့စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့အရာတွေကို စစ်ထုတ်ပေးနေရတာပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက် အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုတွေ ထိခိုက်လျှော့နည်းစေပြီး အသည်းကို တစ်ဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။ အသည်း မကောင်းတော့ရင် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင်ကျန်တဲ့ အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ် မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စတဲ့ အသည်းရောဂါတွေအပြင် အခြားရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်လာစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အနားပေးခြင်း တစ်နည်းအားဖြင့် အိပ်ပေးရမယ့်အချိန်မှာ အခြားဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်လာစေနိုင်မှာပဲ ဖြစ်ပါတယ်။

07 Oct

ADVERTISE HERE .