ပဲပင်ပေါက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

05 Oct

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ပဲပင်ပေါက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပဲပင်ပေါက်စားခြင်းက အသည်းကိုကျန်းမာစေပါတယ်။ ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်း ထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆံပင်နဲ့ လက်သည်းတို့ကို ကျန်းမာစေပါတယ်။ အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင်သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ်နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောများကိုလည်း ကျန်းမာစေပါတယ်။ ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ် စုပ်ယူမှုကို ကောင်းမွန်စေပါတယ်။ အဲ့ဒါကြောင့် သံဓာတ်ကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။ ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ အရေပြား တည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ် အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။ ဝမ်းမှန်မှန်လည်း သွားစေပါတယ်။ ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓါတ်တွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာ တွေကို သက်သာလျော့ပါးစေပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ ဖြစ်တာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ (NVS-003)

05 Oct

ADVERTISE HERE .