အိမ်ထဲမှာ အပင်စိုက်ထားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

04 Oct

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အိမ်ထဲမှာ အပင်စိုက်ထားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အိမ်တွင်းအပင်စိုက်ခြင်းက အဆောက်အဦးတွေနဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အိမ်တွင်းအပင်စိုက်ထားခြင်းက စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေပါတယ်။ စိတ်ပျော်ရွှင်ခြင်း၊ စိတ်တင်းမာမှုပြေလျော့ခြင်း၊ အလုပ်လုပ်ရ သက်တောင့်သက်သာဖြစ်ခြင်း နဲ့ စိတ်ကြည်လင်ခြင်းတို့ ဖြစ်ပေါ်စေနိုင် ပါတယ်။ အပင်တွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ပြေလျော့ပြီး ခံစားချက်တွေကောင်းမွန်စေဖို့ ကူညီနိုင်ပါတယ်။ စိမ်းလန်းနေတဲ့ပတ်ဝန်းကျင်က သင့်ကို စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ အတွက် အိမ်တွင်းအပင်လေးတွေကို စိုက်သင့်ပါ တယ်။ တပြိုင်တည်းမှာပဲ သင့်ရဲ့စိတ်ဝင်စားမှုတွေကို နှိုးဆော်ပေးနိုင်ပါတယ်။ ရုံးတွင်းမှာ အပင်ငယ်လေးတွေ စိုက်ခြင်းက ရုံးသမားတွေအတွက် ဖျားနာမှုနည်းစေပါတယ်။ အမှားနည်းစေပါတယ်၊ အလုပ်ခွင်မှာလည်း စိတ်ပျော်စေ ပါတယ်။ ဆေးရုံတွင်းမှာ အပင်ငယ်လေးတွေစိုက်ခြင်းကြောင့် လူနာတွေအနေနဲ့ သဘာဝပိုပြီးထိတွေ့မှုကို ခံစားရစေပါတယ်။ စိတ်ကြည်နူးစေနိုင်ပါတယ်။ အိမ်တွင်းစိုက်တဲ့ အပင်ငယ်လေးတွေကြောင့် လေထုထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို လျော့ကျစေပါတယ်။ လေထုညစ်ညမ်းခြင်းကို လျော့ကျစေပါတယ်။ ဥပမာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကဲ့သို့ လေထုထဲက ဖုန်မှုန့်တွေကို လျော့ကျစေနိုင်ပါတယ်။ လေထုအပူချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ (NVS-003)

04 Oct

ADVERTISE HERE .