ငှက်ပျောသီးအစိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

03 Oct

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ငှက်ပျောသီးအစိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငှက်ပျောသီး အစိမ်းမှာ ပါဝင်တဲ့ Lectins ဓာတ်က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ Lectins ဓာတ်က အမှည့်လွန်နေတဲ့ ငှက်ပျောသီးတွေမှာတော့ ပါဝင်မှုနှုန်းအား နည်းသွား တတ်ပါတယ်။ လေ့လာချက်တွေအရ ငှက်ပျောသီး အစိမ်းတွေမှာ ငှက်ပျောသီးမှည့်တွေထက် Resistant Starch ပိုမို ပါဝင်တာကြောင့် အူအတွင်းပိုင်းကို သန့်စင်ပေးနိုင်ပြီး အူရောင်ခြင်းနဲ့ အူမကြီးကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့ကို ကာကွယ် ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ် လည်ပတ်မှုကို ပုံမှန်ဖြစ်စေတာကြောင့် ဆီးချို သွေးချို ပမာဏကို ထိန်းချုပ် ပေးနိုင်ပြီး ဆီးချို ဝေဒနာရှင်တွေအတွက်လည်း စားသုံးဖို့ သင့်တော်ပါတယ်။ ငှက်ပျောသီးစိမ်းမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရော တွေကို ကျဆင်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် မြင့်မားစွာ ပါဝင်တာကြောင့် နှလုံးရဲ့လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန်စေနိုင်ပြီး နှလုံးသွေးကြောကျဉ်းခြင်းနဲ့ Heart Attack ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ အစားအသောက် ပျက်နေသူတွေအနေနဲ့ ငှက်ပျောသီးစိမ်းကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးပေးခြင်းအားဖြင့် အစာစားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်စေနိုင်ပါတယ်။ ငှက်ပျောသီးအစိမ်းကို ဟင်းချက်ပြုတ်စားနိုင်သလို ဖျော်ရည် အဖြစ်လည်း ပြုလုပ်သောက်သုံးနိုင်ပါတယ်။ (NVS-003)

03 Oct

ADVERTISE HERE .