နာနတ်သီးစားခြင်းရဲ့ ဆိုးကျိုးတွေ

01 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ နာနတ်သီးစားခြင်းရဲ့ ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နာနတ်သီးစားခြင်းက သွေးချိုကို တက်စေနိုင်ပါတယ်။ နာနတ်သီးမှာ သဘာဝအရပေးတဲ့ သကြားဓာတ်ပါဝင်မှု များပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးချိုကို မြင့်တက်သွားစေပါတယ်။ လက္ခဏာကတော့ ခေါင်းကိုက်ခြင်း၊ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်တတ်ပါတယ်။ နာနတ်သီးက အရသာအရှိဆုံးနဲ့ ကျန်းမားရေးနဲ့ညီညွတ်တဲ့ အသီးဖြစ်ပေမယ့် သွားတွေကိုတော့ ပျက်စီးလာစေ နိုင်ပါတယ်။ နာနတ်သီးမှာ အက်ဆစ်ဓာတ်တွေ ပါတာကြောင့် သွားများကို ပျက်စီးစေနိုင်ပါတယ်။ လက္ခဏာကတော့ သွားကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဓာတ်မတည့်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီဓာတ်မတည့်ခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က နာနတ်သီးရဲ့ ဝတ်မှုန်မှာရှိတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ တုန့်ပြန့်မှုပြတာ ဖြစ်ပါတယ်။ လက္ခဏာကတော့ နာနတ်သီးစားပြီးရင် လျှာယားလာပါမယ်။ နာနတ်သီးနဲ့ ဓာတ်မတည့်တာတွေက နာရီအနည်းငယ် လောက်မှာ သက်သာသွားစေနိုင်ပေမယ့် ဒီထက်အချိန်ကြာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ လက္ခဏာကတော့ နှုတ်ခမ်း ဖူးရောင်တာ၊ လည်ချောင်းတစ်လျှောက် တစစ်စစ်နဲ့ဖြစ်တာတွေ ခံစားရပါမယ်။(NVS 003)

01 Oct

ADVERTISE HERE .