နေ့စဉ် ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ

14 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ နေ့စဉ် ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အာလူးမီးဖုတ် သို့မဟုတ် အာလူးပြုတ်ဟာ အဆာခံနိုင်တဲ့ အစားအစာဖြစ်ပြီး ဗီတာမင်တွေ၊ အမျှင်ဓာတ်နဲ့ အခြားသော အာဟာရဓာတ်များစွာ ပါဝင်သဖြင့် စွမ်းအင်ပြည့်ပြီး အချိန် ကြာ ဗိုက်ပြည့်စေတဲ့ အစားအစာဖြစ်ပါတယ်။ ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကြက်ဥနဲ့ ဘဲဥတွေ စားပေးခြင်းဖြင့်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ငှက်ပျောသီးကဲ့သို့ အသီးတွေမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ပဲဟင်းရည်သောက်ပေးခြင်းဖြင့် သွေးကြောများထဲရှိ သကြား ဓာတ်ထုတ်လွှတ်မှုကို နှေးကွေးစေပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်ပြည့်ဝစေပါတယ်။ အဆီထုတ်ပြီးသား ဒိန်ချဉ်ကို သောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူပြုနိုင်ပြီး အခြားသော အစားအစာတွေ စားသုံးမှုလျော့နည်းစေကာ သွေးထဲရှိ သကြားဓာတ်ပမာဏကို ထိန်းပေးနိုင်ပါတယ်။ အစာချေဖျက်မှုအတွက် အထောက်အကူပြုသော ပန်းသီးကို ပုံမှန်စားပေးသင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မင်းဂွတ်သီးစားခြင်းဖြင့် အချိုစားလိုစိတ်လျော့နည်းစေကာ သွေးထဲရှိ သကြားဓာတ် ထုတ်လွှတ်မှုကို နှေးကွေးစေနိုင်ပါတယ်။ သဘာဝဂျုံစေ့တွေမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး ၎င်းမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဆာလောင်မှုကိုလည်း ထိန်းပေးနိုင်ပါတယ်။ မြင်းစားဂျုံမှာ အမျှင်ဓာတ်နဲ့ ကျန်းမာရေးနဲ့လည်း ညီတဲ့ အဆီဓာတ်ပါဝင်တာကြောက့် ပုံမှန်စားပေးသင့်ပါတယ်။ (NVS-003)

14 Sep

ADVERTISE HERE .