ပင်စိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

12 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ပင်စိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပင်စိမ်းက အဆစ်အမြစ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေပြီး အရိုးကျန်မားရေးကို ထောက်ပံ့ပေး နိုင်ပါတယ်။ ပင်စိမ်းမှာ cyclooxygenase ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်လို့ ပုံမှန်စားသုံးပေးခြင်းက ညောင်းညာကိုက်ခဲခြင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ လေးဘက်နာ၊ အရိုးကျီးပေါင်း-စတဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အရိုး သန်စွမ်းကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားကို ဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်းကို ဝင်ရောက်လာတဲ့ ရောဂါပိုးအမျိုးကို တိုက်ခိုက်ဖို့အတွက် ခန္ဓာကိုယ်မှာ Anti-Bacterialတွေ လိုအပ်ပါတယ်။ ကိုယ်ခံစွမ်းအား နည်းပါးလာတာ နဲ့အမျှ ရောဂါးဆိုးတွေကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်တာမို့ ပင်စိမ်းဟာ ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ဆေးလို့တောင် မှတ်ယူလို့ရပါတယ်။ နှလုံးနဲ့ နှလုံးသွေးကြောစနစ်ကိုလည်း ကောင်းမွန်စေနိုင်တယ်။ ပင်စိမ်းမှာ beta-carotene ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနဲ့ နှလုံးခုန် မူမမှန်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်သလို သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ ပင်စိမ်းက ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးတယ်။ ပင်စိမ်းမှာ ကင်ဆာရောဂါကို တိုက်ဖြတ် နိုင်စွမ်းရှိတဲ့ ဓာတ်သဘာဝတွေ မြောက်များစွာ ပါဝင်ပါတယ်။ ကင်ဆာရောဂါပိုးများ ဝင်ရောက်ခြင်းကို ဟန့်တာပေးပြီး flavonoid ဓာတ်ကလည်း ကင်ဆာရောဂါမျိုးစုံကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေတယ်။ အစာစားပြီးတဲ့အခါတိုင်းမှာ အစာချေမှု စနစ် မြန်ဆန်လေ၊ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ ကယ်လိုရီတွေကို ကာကွယ်တာဆီးပြီးသား ဖြစ်လေပါ။ ပင်စိမ်းဟာ အစာချေစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တာမို့ ပုံမှန်စားသုံးပေးပါက အဆီကျပြီး ခန္ဓာကိုယ်ကို သွယ်လျ လှပစေပါတယ်။ အရေအပြားနဲ့ ဆံပင်ကို ပိုမိုကောင်းမွန်စေတယ်။ ပင်စိမ်းအဆီဟာ ဆံပင် မွဲခြောက်ခြောက် ဖြစ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပင်စိမ်းရွက်ကို ဒီအတိုင်း ထောင်းပြီး ပေါင်းတင်တဲ့ပုံစံမျိုး လိမ်းပေးပါက ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက် စတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ (NVS-003)

12 Sep

ADVERTISE HERE .