နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် ဖျော်ရည်တွေ

11 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် ဖျော်ရည်တွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ညအိပ်မပျော်တဲ့အခါ နေ့ရက်တွေမှာ ကိုယ်စိတ်နှလုံး နွမ်းနယ်ပြီး ရက်ကြာလာရင် ကျန်းမာရေး ထိခိုက် လာနိုင်ပါတယ်။ ညအိပ်မပျော်တဲ့ အကြောင်းအရင်းတွေက ဖိစီးမှုတွေ ပူပန်သောကတွေ ပတ်ဝန်းကျင်အခြေအနေတွေ ဆေးဝါးတွေကြောင့် အမျိုးမျိုးဖြစ်နိုင်ပေမဲ့ ညအိပ်မပျော်တာကို သေချာကုသဖို့ လိုအပ်ပါတယ်။ အိပ်ပျော်စေတဲ့ ဆေးဝါးတွေက သောက်သုံးတာများလာရင်လည်း ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တာကြောင့် သဘာဝအိပ်ပျော်စေတဲ့ နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အုန်းရည်ကို ပင်ပန်းနွမ်းလျတဲ့အခါ အားအင်ပြန်ဖြည့်စေဖို့ သောက်ကြသလိုပဲ ညအိပ်မပျော်တဲ့အခါ ကောင်းကောင်း အိပ်ပျော်အောင် သဘာဝ အိပ်ဆေးအနေနဲ့ သောက်လို့ရပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အုန်းရည်ဟာ ရေဓာတ် ပြန်ဖြည့်ပေးလို့ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး ဖိစီးမှု ကင်းကင်းနဲ့ ကောင်းမွန်စွာ အိပ်ပျော်စေ နိုင်ပါတယ်။ အယ်မွန်နို့ကို သောက်ခြင်းဟာလည်း ညဘက်မှာကောင်းကောင်း အိပ်ပျော်စေပါတယ်။ ဆီရိုတိုနင်ဟော်မုန်းက အိပ်ပျော်စေဖို့ အရေးပါတဲ့ ဟော်မုန်းပါ။ ဦးနှောက် အာရုံကြော အဖွဲ့အစည်းကနေ ဆီရိုတိုင်ဟော်မုန်း ထုတ်လုပ်ပေးဖို့ အတွက်က ထရိုတိုဒန်ဆိုတဲ့ ဓာတ်တစ်မျိုးပေါ် မူတည်နေတာပါ။ အယ်မွန်စေ့ကနေ ထုတ်ထားတဲ့ နို့က ထရိုင်တိုဖန်ကို မြင့်တတ်စေလို့ ညမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် လူသိများတဲ့ သဘာဝအိပ်ပျော်ဆေးကတော့ ချယ်ရီသီးဖျော်ရည် ချဉ်ချဉ်လေးပါပဲ။ ဒီဖျော်ရည်က ညအိပ်ပျော်အောင် ကူညီပေးတဲ့ မယ်လတိုနင်ဟော်မုန်း ပမာဏကို မြင့်တတ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို နေ့ဘက်မှာလည်း ကိုယ်ရောစိတ်ကိုပါ ပေါ့ပါးလန်းဆန်းစေနိုင်ပါတယ်။ ချီယားစေ့ဟာ ခုနောက်ပိုင်းမှာ ထိပ်တန်းဖြည့်စွက်အစာအဖြစ် နာမည်ရနေတဲ့ သဘာဝအစာတစ်မျိုးဖြစ်ပါတယ်။ ချီယားစေ့မှာ အိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ ထရိုင်ကိုဖန်အပြင် အိုမီဂါဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ချောကလက်ဖျော်ရည်ပူပူလိုပဲ Carob မှုန့်ကို ဖျော်သောက်ရတာပါ။ Carod မှုန့်က တိုတိုးမှုန့်လိုပဲ ပုံစံတူပါတယ်။ သူ့မှာက အိပ်ပျော်စေတဲ့ ဗီတာမင်ဘီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆီရိုကိုနင် ပမာဏကို မြင့်တတ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေတဲ့အတွက် ညအိပ်ရာမဝင်မီ နို့ပူပူတစ်ခွက်နဲ့ ရောဖျော်သောက်ပေးရင် အကောင်းဆုံးပါပဲ။ (NVS-003)

11 Sep

ADVERTISE HERE .