စိတ်ဖိစီးမှုဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ သီဟိုဠ်စေ့

09 Sep

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ စိတ်ဖိစီးမှုဆိုင်ရာပြဿနာတွေကို ဖြေရှင်း ပေးနိုင်တဲ့ သီဟိုဠ်စေ့ရဲ့အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သီဟိုဠ်စေ့က စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေကို ကုစားပေးနိုင်တဲ့ သဘာဝဆေးနည်းတစ်မျိုး ဖြစ်ပါတယ်။ သီဟိုဠ်စေ့မှာ သံဓာတ်၊ ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ မဂ္ဂနီဆီယမ်၊ အိုမီဂါသရီး နဲ့ ဗီတာမင် ဘီဆစ် စတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ အဲ့ဒီ အာဟာရဓာတ်တွေက စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်သောကတွေကို သဘာဝအရသက်သာစေတဲ့ ဓာတ်တွေ ဖြစ်ပါတယ်။ Tryptophan ဆိုတဲ့ဓာတ်က စိတ်ဖိစီးမှုဆိုင်ရာ လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့ လူတွေအတွက် မဂ္ဂနီဆီယမ်ဓာတ်က အဓိက အာဟာရဖြစ်ပါတယ်။ သီဟိုဠ်စေ့ မှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာမို့ စိတ်ဓာတ်ကျ၊ စိတ်ဖိစီးသူတွေအတွက် သဘာဝဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ အိုမီဂါသရီးဖက်တီးအက်ဆစ် ကလည်း စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးခြင်းအတွက် သက်သာစေသော ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သီဟိုဠ်စေ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တော်တော်များများက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုဆိုင်ရာပြဿနာရှိသူတွေအတွက် အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပါတယ်။ (NVS 003)

09 Sep

ADVERTISE HERE .