မရမ်းသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

07 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ မရမ်းသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မရမ်းသီးက နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ လေ့လာချက်ေတွအရ အမျှင်ဓာတ်ပါဝင်ခြင်းက နှလုံးရောဂါဖြစ်ပွားမှုကို ထိရောက်စွာကူညီနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့မှာ အမျှင်ဓာတ် ၂၆ဂရမ်ရရှိခြင်းက နှလုံးရောဂါဖြစ်ပွားမှုကို ၄၀ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။ အမြင်အာရုံလည်း ကောင်းမွန်စေပါတယ်။ မရမ်းသီးမှာ Beta carotene ပါဝင်တာကြောင့် မျက်လုံး ကျန်းမာရေးကို ကူညီနိုင်ပါတယ်။ Beta carotene ဆိုတာက ခန္ဓာကိုယ်တွင်းအရောက်မှာ ဗီတာမင်အေ အဖြစ် အသွင်းပြောင်းပြီး စုပ်ယူလိုက်ပါတယ်။ ဗီတာမင်အေက အမြင်အာရုံကို အကျိုးပြုစေပါတယ်။ ဒါ့အပြင် အဆိပ်အတောက်တွေလည်း ကင်းစေပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ပမာဏ ရရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ပြည့်ဝခြင်းကလည်း ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ကူညီနိုင်ပါတယ်။ အဲ့ဒါကြောင့် နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချို၊ လေဖြတ်ခြင်းနဲ့ အခြားရောဂါတွေဖြစ်ပွားခြင်း ကနေ ကာကွယ်နိုင်ပါတယ်။ မရမ်းသီးက အရေပြားကျန်းမာရေးအတွက် ကောင်းပါတယ်။ ဗီတာမင်စီကြွယ်ဝတာကြောင့် အရေပြား ကျန်းမာစေပြီး beta-carotene ပါဝင်မှုကြောင့် အရေပြားကျန်းမားရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ရေဓာတ် ပါဝင်တာကြောင့် အရေပြားစိုပြေစေပါတယ်။ နောက်ပြီးတော့ အနာကျက်မြန်စေပါတယ်။ ပရိုတင်းနဲ့ဗီတာမင်စီကြောင့် ခန္ဓာကိုယ်ကဆဲလ်တွေကို ပြန်လည် ကုသပေးရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏရနိုင်တာကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် အဆုတ်ကလည်း ရေဓာတ်ကို လိုအပ်တာကြောင့် မရမ်းသီးမှာ ပါဝင်တဲ့ ရေဓာတ်ကြောင့် အဆုတ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ မရမ်းသီးမှာ အမျှင်ဓာတ် ပါဝင်တာကြောင့်ခန္ဓာကိုယ်ကို ဝိတ်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်က အချိန်အတန်ကြာအောင် ဗိုက်ပြည့်နေစေတာမို့ မကြာခဏဗိုက်ဆာခြင်း ကနေ ကာကွယ်ပေးနိုင်ပြီး ဝိတ်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။ (NVS-003)

07 Sep

ADVERTISE HERE .