ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေ

03 Sep

NVS 003- September 3, 2023 ဒီနေ့ည ၈နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေး နိုင်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အအေးမိခြင်းကို ကြက်သွန်ဖြူက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အခြားအအေးမိခြင်းနဲ့ ဖျားနာခြင်းတွေကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူက အိမ်သုံးဆေးဝါးတစ်မျိုးပါပဲ။လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူမှာ allicin ဓာတ်ပါဝင်မှုကြောင့် အအေးမိ၊ ဖျားနာခြင်းအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ ဘလူးဘယ်ရီသီးတွေမှာ antioxidant အစွမ်းသတ္တိတွေပါဝင်တာမို့ ခုခံအားတိုးစေပါတယ်။ Anthocyanin လို့ခေါ်တဲ့ antioxidant အစွမ်းပါဝင်ပါတယ်။ လေ့လာချက်တစ်ခုအရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါဝင်တယ်လို့သိရပါတယ်။ အဲဒါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ၊ အအေးမိဖျားနာတာတွေကို သက်သာစေနိုင်ပါတယ်။ ချင်းကို ဟင်းလျာတွေထဲမှာထည့်သွင်း ချက်ပြုတ်တတ်ကြသလို လက်ဖက်ရည်ကြမ်းအဖြစ်လည်း ထည့်သွင်း သောက်သုံးတတ်ကြပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ဓာတ်နဲ့ antioxidant ဓာတ်တွေပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာအကျိုးအများကြီးရှိပါတယ်။ အအေးမိ၊ ဖျားနာခြင်းအတွက် အထူးသင့်လျော်ပြီး အကျိုးရှိတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အနက်ရောင် ချောကလက်မှာ Theobromine ခေါ်တဲ့ antioxidant ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီဓာတ်က ခုခံအားစနစ်ကို တိုးမြင့်စေပါတယ်။ Free radical တွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေပျက်စီးခြင်းကို ကာကွယ် ပေးနိင်ပါတယ်။ နနွင်းကို ဟင်းချက်ရာမှာ ထည့်သုံးတတ်ကြပါတယ်။ ဆေးဝါးအဖြစ်လည်း တစ်ချို့နေရာတွေမှာ သုံးပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းက ခုခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ antioxidant အစွမ်းတွေပါဝင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။ ဆော်လမွန်၊ တူနာ၊ ဆာဒင်းငါး နဲ့အခြားအဆီများငါးတွေမှာ omega-3 fatty acids ပါဝင်မှု များပြား တာကြောင့် ခုခံအားကျဆင်းတဲ့အခါမှာအဖြစ်များတဲ့ ခန္ဓာကိုယ်အဆစ်အမြစ်ယောင် ရောဂါမျိုးကို သက်သာစေနိုင် ပါတယ်။ ဟင်းနုနွယ်ရွက်က ခုခံအားတိုးမြင့်ပေးနိုင်ပါတယ်။ flavonoids ၊ carotenoids ၊ vitamin C နဲ့ vitamin E ပါဝင်မှုကြောင့် ခုခံအားကို မြင့်တင်ပေးဖို့အကူအညီပေးပါတယ်။ flavonoids ဓာတ်က အအေးမိခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ ပန်းပွင့်စိမ်းမှာ ဗီတာမင်စီ ပါဝင်ပါတယ်။ sulforaphane ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် ခုခံအားကောင်းဖို့ ပုံမှန် စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ beta carotene ဓာတ်ပါဝင်မှုကြောင့် ဗီတာမင်အေရဲ့အရင်းအမြစ်ဖြစ်ပြီး အရေပြား ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။

03 Sep

ADVERTISE HERE .