“ရီးရဲလ်မက်ဒရစ်အသင်းက ဘရာဟင်မ်ဒီယက်ဇ် ကို စာချုပ်သက်တမ်းတိုး”
29 Nov
ရီးရဲလ်မက်ဒရစ်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား ဘရာဟင်မ်ဒီယက်ဇ် ကို စာချုပ်သက်တမ်း တိုးခဲ့ကြောင်း သိရပါတယ်။ ဘရာဟင်မ်ဒီယက်ဇ် က ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်တွင် စာချုပ်ကုန်ဆုံးမှာဖြစ်လို့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အာဒါဂူလာ၊ ချူယာမန်နီ နှင့် ကော်တိုအာ တို့ကို သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့ပြီး ဘရာဟင်မ်ဒီယက်ဇ် ကိုလည်း သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ဘရာဟင်မ်ဒီယက်ဇ် ဟာ အသက် ၁၉ နှစ်အရွယ်ကတည်းက မန်စီးတီးအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စီးရီးအေကလပ် အေစီမီလန်အသင်းတွင်လည်း အငှားသွားရောက်ကစားကာ အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်။(NVS 008)
29 Nov