“ဟာရီကိန်း က Ballon d'Or ဆုနှင့် ထိုက်တန်ကြောင်းပြောခဲ့တဲ့ ရော်နယ်လ်ဒို”

29 Nov

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို က အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း က Ballon d'Or ဆုနှင့် ထိုက်တန်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ ၁၉၉၇၊ ၂၀၀၂ Ballon d'Or ဆုရှင် ရော်နယ်လ်ဒို က ပြီးခဲ့တဲ့လက London Palladium တွင် ကျင်းပခဲ့သော ဆုပေးပွဲအခမ်းအနားတွင် ဟာရီကိန်း ကို ဆုတက်ရောက်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ ရော်နယ်လ်ဒို က No.9 Role ကစားသမားတစ်ဦး ၎င်းဆုကို ပြန်လည်ရရှိခဲ့လို့ ဝမ်းမြောက်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ Ballon d'Or ဆုကို No.9 Role စစ်စစ် ကစားသမားများထဲမှ ဘန်ဇီမာ က ၂၀၂၂ ခုနှစ်တွင် နောက်ဆုံးရထားခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဟာရီကိန်း အနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ကလပ်နှင့်နိုင်ငံသွင်းဂိုး ၇၃ ဂိုးရှိခဲ့ပြီး အင်္ဂလန်ကစားသမားများထဲမှ အဆိုပါဆုကို ငါးဦးမြောက်အဖြစ် ရရှိသူဖြစ်ခဲ့ပါတယ်။(NVS 008)

29 Nov

ADVERTISE HERE .