“အင်တာအသင်းက နောက်ခံလူ အော်ဂတ်စတို ကို စာချုပ်သစ်ချုပ်ဆို”
29 Nov
အင်တာအသင်းက ဘရာဇီးနောက်ခံလူ အော်ဂတ်စတို ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် အော်ဂတ်စတို က မီလန်မြို့ရှိ အသင်းရုံးချုပ်မှာ စာချုပ်သစ်ကို လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ကြောင်း အင်တာမီလန်အသင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ အော်ဂတ်စတို ဟာ ၂၀၂၃ ခုနှစ်မှာ မွန်ဇာအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေ ချန်ပီယံ ၂ ကြိမ်၊ ကိုပါအီတလီယာနဲ့ အီတလီစူပါဖလားတို့ကို ၁ ကြိမ်စီ ရရှိထားပါတယ်။ ဘယ်နောက်ခံလူ နေရာမှာရော ဘယ်တောင်ပံတိုက်စစ်နေရာမှာပါ ကစားနိုင်တဲ့ အော်ဂတ်စတို ဟာ အင်တာမီလန်နည်းပြ ချီဗူး ရဲ့ ကစားကွက်မှာ အရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။(NVS 008)
29 Nov