“မန်ယူအသင်းက ဖာနန်ဒက်စ် ကို ၂၀၂၈ ခုနှစ်အထိ ဆက်လက်ထိန်းထားမည်”
29 Nov
ဘရူနို ဖာနန်ဒက်စ် က မန်ယူအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ရပ်ဆိုင်းထားခဲ့လို့ မန်ယူ အသင်းအနေနဲ့ ယခင်စာချုပ်ပါ ၁ နှစ် အလိုအလျောက် သက်တမ်းတိုးခွင့်ကို အသုံးချပြီး ၂၀၂၈ ခုနှစ်အထိ ဆက်ထိန်းထားမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ မန်ယူအသင်းက အခုလိုဆုံးဖြတ်လိုက်တဲ့အတွက် အပြောင်းအရွှေ့စတင်မယ့် ဇန်နဝါရီလ ၁ ရက်မှာ ပြည်ပ ကလပ်အသင်းတွေအနေနဲ့ ဖာနန်ဒက်စ် ကိုခေါ်ယူရန် ချဉ်းကပ်ခွင့်မရတော့မှာပဲ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ် က မန်ယူအသင်း နိုင်ပွဲပျောက်ဆုံးနေချိန်မှာ စာချုပ်သစ်အကြောင်းပြောဆိုဖို့ ကောင်းတဲ့အချိန်မဟုတ်လို့ ဆွေးနွေးမှုတွေကိုရပ်တန့်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)
29 Nov