“ပြိုင်ပွဲစုံနောက်ဆုံး ၁ဝ ပွဲဆက် အနိုင်ရရှိထားတဲ့ ဘုန်းမောက်အသင်း”
28 Nov
ဘုန်းမောက်အသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်မှာ စပိန်ကလပ် ဆယ်တာဗီဂိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်အနိုင်ရတဲ့ အသင်းစံချိန်သစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဘုန်းမောက်အသင်းဟာ ကစားသမားတစ်ယောက် အထုတ်ခံခဲ့ရသလို ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုးသွင်းယူတာကိုလည်း ခံခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းခဲ့ကာ အနိုင်ရတဲ့မှတ်တမ်းနဲ့အတူ ယူရိုပါလိဂ် ၅ ပွဲကစားအပြီး အမှတ်ပေးဇယား အဆင့် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဘုန်းမောက်အသင်းအတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး ရိုဒရီဂွက်ဇ် နဲ့ တောင်ပံတိုက်စစ်မှူး ရာယန် တို့ကသွင်းယူပေးခဲ့တာဖြစ်ပြီး ဥရောပပြိုင်ပွဲတွေမှာ အဖွင့် ၅ ပွဲဆက်အနိုင်ရတဲ့ တတိယမြောက်အသင်း ဖြစ်လာ ခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ အောက်တိုဘာလ ၁၀ ရက်က ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ နောက်ဆုံးရှုံးနိမ့် ထားခဲ့တာဖြစ်ပြီး အဲဒီပွဲနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲ၊ ယူရိုပါလိဂ် ၄ ပွဲနဲ့ လိဂ်ဖလား ပွဲစဉ် ၁ ပွဲတို့ကို အနိုင်ရထားတာဖြစ်ပါတယ်။(NVS 008)