“၂၀၂၇ ဇန်နဝါရီ၌ ဒူဘော့စ်နှင့် ပါကား ထိုးသတ်မည်”
28 Nov
ဗြိတိန်နိုင်ငံသား ဒန်နီရယ် ဒူဘော့စ် ဟာ သူပိုင်ဆိုင်ထားတဲ့ WBO ဟဲဗီးဝိတ်တန်းချန်ပီယံဆု ကာကွယ်ပွဲ အဖြစ် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှာ ကမ္ဘာ့ချန်ပီယံဟောင်း ပါကားနဲ့ ထိုးသတ်မှာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဖရန့်ဝါရန် က အတည်ပြုပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဒူဘော့စ် ဟာ IBF ဟဲဗီးဝိတ်တန်းချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အဖျားရောဂါခံစားခဲ့ရတာကြောင့် ပွဲကိုဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဒူဘော့စ် က ကစားသမားဘဝ ၂၇ ပွဲထိုးသတ်ခဲ့ရာမှာ ၂၄ ပွဲအထိ အနိုင်ရထားခဲ့ တာဖြစ်သလို ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်က ထိုးတဲ့ပွဲမှာ ဝက်ဒလေ ကိုအနိုင်ရပြီး WBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ထိုးခဲ့တဲ့ ဝက်ဒလေ နဲ့ မကျေပွဲမှာလည်း ဒူဘော့စ် က ဒုတိယအချီမှာပဲ အလဲထိုးနဲ့အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ပထမဆုံးအကြိမ် ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ချန်ပီယံဆုကို စိန်ခေါ်မယ့် ပါကား က အခုချန်ပီယံဆုကို ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ရယူထား နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ တားမြစ်ဆေးစစ်ဆေးမှုကျခဲ့တာကြောင့် ယာယီပွဲပယ်ပြစ်ဒဏ် ကျခံ ခဲ့ရပေမယ့် ပြီးခဲ့တဲ့ဩဂုတ်လမှာ ပွဲပြန်လည်ထိုးခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်။(NVS 008)