“အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ အဆင့် ၄ ရရှိခဲ့တဲ့ အိအိဝိုင်း”
28 Nov
အိန္ဒိယနိုင်ငံ၊ Odisha ပြည်နယ်၊ Bhuba neswar မြို့ရှိ Kalinga Stadium တွင် ကျင်းပလျက်ရှိသော BIMSTEC U-23 Athletics Meet 2026 ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့မှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ အိအိဝိုင်း က အဆင့် ၄ ရရှိခဲ့ကြောင်း သိရပါတယ်။ နိုဝင်ဘာလ ၂၅ ရက်ကကျင်းပခဲ့သော ပထမနေ့ပြိုင်ပွဲများမှာ မြန်မာအားကစားသမားများအနေနဲ့ အမျိုးသား သံလုံး ပစ်၊ အမျိုးသမီးသံပြားပစ်၊ အမျိုးသားမီတာ ၁၅၀၀ အပြေးနှင့် အမျိုးသမီးမီတာ ၅၀၀၀ အပြေးပြိုင်ပွဲတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရလဒ်များအရ အမျိုးသားသံလုံးပစ်ပြိုင်ပွဲမှာ ဟိန်းသူရမိုးက ၉.၈၈ မီတာဖြင့် အဆင့် ၆၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် နန်းအောင်ဆိုင်ခမ်းက ၄၀.၈၄ မီတာဖြင့် အဆင့် ၅ နှင့် သိမ့်သိမ့်သူက ၃၉.၃၉ မီတာဖြင့် အဆင့် ၆ ရရှိခဲ့ပါတယ်။ အမျိုးသားမီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ရဲရင့်အောင်က ၄ မိနစ် ၀၀.၆၀ စက္ကန့်ဖြင့် အဆင့် ၆ ရရှိခဲ့ပြီး အမျိုးသမီးမီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် အိအိဝိုင်းက ၁၈ မိနစ် ၀၆.၇၄ စက္ကန့်ဖြင့် အဆင့် ၄ ရရှိခဲ့ပါတယ်။(NVS 008)